NEWS

ပြည်ပရောက်အလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက် ပေးပို့ခြင်းမရှိတဲ့အေဂျင်စီတွေကို လုပ်သားစေလွှတ်မှုဆိုင်းငံ့မယ့်အပြင်ဒဏ်ကြေးပါကောက်ခံမယ်လို့အလုပ်သမားဝန်ကြီးဌာန သတိပေး

CoverLogo
303 Views

ပြည်ပ ကို တရားဝင် သွားရောက် အလုပ်လုပ်တဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို ပေးပို့ခြင်း မရှိတဲ့  အေဂျင်စီ တွေ ကိုလုပ်သားစေလွှတ်မှု ဆိုင်းငံ့မယ့်အပြင် ဒဏ်ကြေး ကောက်ခံ မှု ပါ စတင်တော့မယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၂၃ရက်က အသိပေးထားပါတယ်။ 

၂၀၂၃ခုနှစ် ဧပြီ လ အထိ စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက် အပြည့်စုံ ကို ၂၀၂၄ခုနှစ် ဇူလိုင် ၂၆ရက်မတိုင်ခင် ပေးပို့ဖို့ အသိပေးထားပါတယ်။ 


ပေးပို့မှု မရှိတဲ့ အေဂျင်စီ တွေ ကို အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်ကို ဆိုင်းငံ့ ထားပြီး ဒဏ်ကြေး ပါကောက်ခံမယ်လို့ ဆိုပါတယ်။ 


ပြီးခဲ့တဲ့ ဇူလိုင် ၁၁ရက်က လည်း ပြည်ပရောက်အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ကို ပေးပို့ဖို့ ကျန်ရှိသေးတယ် အေဂျင်စီ၃၈၀ ကျော်ကို ဇူလိုင်၁၅ရက် နောက်ဆုံးထားပေးပို့ဖို့ အလုပ်သမားဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။ 


လက်ရှိမှာ တော့ အလုပ်သမား တွေရဲ့ ကိုယ်ရေးအချက်အလက် ပေးပို့ဖို့ ကျန်သေးတဲ့ အေဂျင်စီ ၂၀၀ ကျော်ရှိနေပြီး ယခုတခါ အသိပေးချက်မှာတော့ သတ်မှတ်ရက်အတွင်း မပေးပို့ပါက လုပ်သားစေလွှတ်ဆိုင်းငံ့မယ့်အပြင် ဒဏ်ကြေးပါ ပေးဆောင်ရမယ်လို့ သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026