NEWS

ပြည်ပရောက်မြန်မာလုပ်သားတွေ မိသားစုဆီ လစဥ်ပို့ရမယ့် ငွေပမာဏ အနည်းဆုံး ၃၅ ရာခိုင်နှုန်းသတ်မှတ်ရန် စီစဉ်နေ

CoverLogo
1.5K Views

ပြည်ပသို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန လမ်းကြောင်းကနေ တဆင့် သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေဟာ မိမိတို့လစာရဲ့ ၃၅ ရာခိုင်နှုန်းကို  ပြည်တွင်းမှာ ကျန်ခဲ့တဲ့ မိသားစုထံဆီ လစဥ်ပို့ဖို့ကိစ္စ သတ်မှတ်ရန်ရှိနေတယ်လို့ စကစလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ နီးစပ်သူထံကနေ သိရပါတယ်။

'' ဟုတ်တယ်။ ပြီးခဲ့တဲ့အစည်းအဝေးမှာ ဒီကိစ္စကိုညှိနှိုင်းတာပါ။ အခြေခံလစာရဲ့၃၅ရာခိုင်နှုန်းပေါ့။ အဲ့ထက်ပိုလွှဲလည်းရတယ်။ ဘဏ်ရဲ့စည်းမျဥ်းစည်းကမ်းတွေအတိုင်းပဲ လုပ်သွားမှာပါ။ သူတို့ကတော့ပိုလွှဲလေပိုကြိုက်လေပေါ့'' လို့ ၎င်းကဆိုပါတယ်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် အသင်းဝင်လိုင်စင်ရအေဂျင်စီများရဲ့ စေလွှတ်ခွင့်ရနိုင်ငံများသို့ စေလွှတ်ထားသောအလုပ်သမားများရဲ့ မိသားစုဝင်များထံသို့ လွှဲပို့ငွေများနဲ့ပတ်သက်၍လည်းကောင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စများနဲ့ပတ်သက်၍လည်းကောင်း ဆွေးနွေးညှိနှိုင်းမှုကို ပြီးခဲ့တဲ့စက်တင်ဘာ ၁၀ ရက်နေ့က ပြည်ပအလုပ်အကိုင်လိုင်စင်ရအေဂျင်စီများရဲ့ အုပ်ချုပ်မှုဒါရိုက်တာများက ရန်ကုန်မြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံစေလွှတ်အေဂျင်စီများ၊ ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံစေလွှတ်အေဂျင်စီများ၊ ဂျပန်နိုင်ငံ စေလွှတ်အေဂျင်စီများအနေဖြင့့် ပြည်ပသို့သွားရောက်လုပ်ကိုင်မဲ့  မြန်မာလုပ်သားတွေအနေနဲ့ အလုပ်ရှင်အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်၊  အေဂျင်စီနဲ့ စာချုပ် ချုပ်ဆိုချိန်မှာ အခြေခံ လစာရဲ့၃၅ရာခိုင်နှုန်းသို့မဟုတ် ပိုမိုလွှဲပို့နိုင်မည့် အချက်ကို  ထည့်သွင်းရန်ညှိနှိုင်းနေတာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုမှ သိရပါတယ်။

အခုလိုမျိုး အခြခံလစာရဲ့ ၃၅ရာခိုင်နှုန်းကို လွှဲပို့နိုင်ရန်ပမာဏသတ်မှတ်တာကို စည်းကမ်းချက်တစ်ခုအဖြစ်ထည့်သွင်းမယ်လို့ အတွင်းသတင်းတွေအရ သိရပေမဲ့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။

ပြည်ပရောက်အလုပ်သမားတွေရဲ့တရားဝင်လွှဲပို့ငွေနဲ့ ပတ်သက်ပြီး ဘဏ်ရဲ့စည်းမျဥ်းစည်းကမ်းအတိုင်းဆောင်ရွက်မှာဖြစ်ပြီး လက်ရှိမှာလည်း၂၀၁၄ ခုနှစ်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လအထိ ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့တရားဝင်လွှဲပို့ငွေအမေရိကန်ဒေါ်လာသန်း ၆,၀၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီ  အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026