NEWS

ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ သား/သမီး မွေးစာရင်းလက်မှတ် NUG အစိုးရထံတွင် လျှောက်ထားထုတ်ယူနိုင်

CoverLogo
510 Views

အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့  သား/သမီး ရဲ့  မွေးစားရင်း လက်မှတ်ကို အမျိုးသားညီညွှတ်ရေးအစိုးရပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မှာ လျှောက်ထားနိုင်တယ်လို့ NUG အစိုးရ က သတင်းထုတ် ပြန် ထားပါတယ်။

မွေးစာရင်း ထုတ်ယူနိုင်ရန် အတွက် မိခင်၊ ဖခင် တို့ရဲ့ ကိုယ်ရေးအကျဉ်း၊ လက်ရှိ နေထိုင်ရာနေရပ်လိပ်စာ၊ ကလေးမွေးဖွားခဲ့ရာမြို့နဲ့ဆေးရုံနာမည် သို့မဟုတ် မွေးခဲ့ကြောင်း အထောက်အထားတွေ လိုအပ်တယ်လို့ဆိုပါတယ်။

မွေးစာရင်းလျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက်ကိုတော့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ လျှို့ဝှက်အဆင့်ဖြင့် လုံခြုံစွာသိမ်းဆည်းပေးထားမယ်လို့ သိရပါတယ်။

အခုလို မွေးစာရင်း ထုတ်ပေးတာဟာ နိုင်ငံသား ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ အကျုံးမဝင်ဘဲ ပြည်ပနိုင်ငံမှာ မွေးဖွားကြောင်း ကို အသိမှတ်ပြုခြင်း သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကလေးငယ်ရဲ့ နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းမှာ ထိုကလေးငယ် အရွယ်ရောက်ရှိ ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားချိန် မှာ တည်ရှိမယ့် တည်ဆဲနိုင်ငံသား ဥပဒေ နဲ့သာ ဆုံးဖြတ်ပေးမယ်လို့ သိရပါတယ်။

မွေးစာရင်း လက်မှတ် ထုတ်ပေးခြင်း လုပ်ငန်း အတွက် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ သို့မဟုတ် ၎င်းငွေကြေး ပမာဏ နဲ့ ညီမျှတဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ ငွေကြေးကို ဝန်ဆောင်စရိတ် အဖြစ်သတ်မှတ် ကောက်ယူမှာဖြစ်ပြီး ၎င်း စရိတ် ကို NUG-MOHAI ရဲ့ နွေဦးတော်လှန်ရေး လုပ်ငန်းစဉ်မှာ ထိရောက်စွာသုံးစွဲ သွားမယ်လို့ ဆိုပါတယ်။

ဝန်ဆောင်စရိတ် ၁၀ဒေါ်လာ သို့မဟုတ် ၎င်းငွေကြေးပမာဏ နဲ့ ညီမျှတဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ငွေကြေး ပေးသွင်းဖို့ အခက်ခဲရှိသူတွေ အနေနဲ့ လည်း အကျိုးကြောင်းဖော်ပြကာလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026