NEWS

ပြည်ပပြန်အလုပ်သမားတွေကို ပြည်တွင်းမှာအလုပ်ပြန်ရှာပေးနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနဖော်ပြ

CoverLogo
590 Views
 
ပြည်ပက‌နေပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမား တွေကို ကျွမ်းကျင်မှုအလိုက်ပြည်တွင်းမှာအလုပ်ရရှိရန်ချိတ်ဆက်ဆောင်ရွက်ပေးနေ တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနကနေအသိပေးထုတ်ပြန်ထားပါတယ်။
 
ဒါဟာ အလုပ်သမားဝန်ကြီးဌာနမှ အမေရိကန်အစိုးရရဲ့ ၂၀၂၄ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအစီရင်ခံစာပါအကြံပြုချက်များနဲ့ပတ်သက်ပြီး ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေကို အသိပေးထုတ်ပြန်ဖော်ပြတာလို့ဆိုပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့အိမ်နီးချင်း ထိုင်းနိုင်ငံမှာအကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လွှဲပြောင်းပေးခြင်းကိစ္စရပ်‌တွေကိုလည်း သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင် ကော်မတီများဖွဲ့စည်းကာ ပြန်လည်ကြိုဆိုလက်ခံလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမျိုးသား (၁၂၇)ဦး၊အမျိုးသမီး(၂၇)ဦး(စုစုပေါင်း ၁၅၄ ဦး)ကို ပြန်လည်ကြိုဆိုလက်ခံခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြအသိပေးထားပါတယ်။
 
ပြည်ပမှ ပြန်လည်ဝင်ရောက်လာတဲ့ အလုပ်သမားများအနေနဲ့ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၅)ခုရှိ အလုပ်အကိုင်နဲ့ အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ်သမားမှတ်ပုံတင်နိုင်တယ်လို့ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။
အဲ့ဒီ့ အလုပ်သမားမှတ်ပုံတင်ထားသူ‌တွေအတွက် အလုပ်အကိုင်နဲ့အလုပ်သမားရှာဖွေရေးရုံးများက အလုပ်ရှင်များထံမှ အမှာစာများလက်ခံကာ၎င်းတို့ရဲ့ကျွမ်းကျင်မှုအလိုက်အလုပ်ရရှိရန် ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။
 
"အခုပြည်တွင်းကအလုပ်သမားဝန်ကြီးဌာနက ပြည်ပမှာအလုပ်လုပ်ပြီး ပြည်တွင်းကိုပြန်ဝင်လာသူတွေကို ချိတ်ဆက်ပြီးအလုပ်ရှာပေးနေတယ်ဆိုတော့ နည်းနည်းတော့ရီစရာလိုဖြစ်နေတာပေါ့။တကယ်ရှာပေးမပေးတော့သေချာမသိဘူးပေါ့။ရှာပေးချင်လည်းပေးမှာပေါ့။ ပြည်တွင်းမှာက အလုပ်အကိုင်ရှားပါးတာနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်ပထွက်ပြီးအလုပ်လုပ်နေကြတာကို။ပြည်တွင်းမှာပြန်အလုပ်ချိတ်ပေးတယ်ဆိုတော့ ဘယ်လိုလုပ်ငန်းမျိုးတွေမှာအလုပ်ပြန်ပေးလဲစသဖြင့်မေးခွန်းထုတ်ရမှာပါပဲ။ ကိုယ်တွေဆိုလည်းပြီးခဲ့တဲ့လကမှ ပြည်ပကနေပြန်ဝင်လာတာ ဒီကအသက်ကန့်သတ်ချက်နဲ့ဆိုတော့ဝင်သာလာတာပြန်ထွက်ဖို့ကမလွယ်သလိုဖြစ်နေပြီ သူတို့ပြောထားတဲ့ အလုပ်အကိုင်ရုံးတွေမှာဖောင်တင်ဖို့ကတော့မရဲဘူး၊ အသက်ကန့်သတ်ချက်နဲ့ညီတယ်ဆိုပြီးစစ်မှုထမ်းခိုင်းပြီးလစာပေးအလုပ်ခန့်လိုက်ရင်မလွယ်ပါဘူး"လို့ ဒူဘိုင်းမှ ပြန်ရောက်လာတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။
ပြည်ပမှပြန်လာတဲ့အလုပ်သမားတွေအ‌နေနဲ့လည်း လက်ရှိ ပြည်ပထွက်ခွာခွင့် အသက်ကန့်သတ်ချက်တွေနဲ့ တားမြစ်ချက်တွေကြောင့် ပြည်ပကိုပြန်လည်ထွက်ခွာရန် မလွယ်ကူတော့ကြောင်းပြောဆိုမှုတွေရှိနေပါတယ်။
 
အိမ်နီးချင်းတိုင်းပြည်တွေကို ပြည်ပထွက်ခွာခွင့်အထောက်အထားတွေမရှိပဲသွားရောက်ရာမှာ တစ်ဖက်နိုင်ငံတွင်ဖမ်းဆီးခံရကာ မြန်မာနိုင်ငံကိုပြန်လည်လွှဲပြောင်းပေးတဲ့ မြန်မာအလုပ်သမားတွေကို စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းရာနေရာတွေကိုပို့ဆောင်ပေးနေတယ်လို့လည်း လူထုကြားမှာ အသံများပေါ်ထွက်မှုတွေလည်းရှိနေပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026