NEWS

ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်အတွက်အမျိုးသား တွေကို အသက် ၁၈မှ ၃၅ အထိ ကန့်သတ်လိုက်ပြီး စာချုပ်ချုပ်ထားသူများကိုပါ OWIC ကတ်ရိုက်မပေးဘဲ ပြန်လွှတ်

CoverLogo
800 Views
 
ပြည်ပ နိုင်ငံ ကို တရားဝင် အလုပ်သွားလုပ်မယ့် အမျိုးသား တွေ ကို အသက် ၁၈ ကနေ ၃၅နှစ် အထိ သွားခွင့်မပေးဘဲ ကန့်သတ် လိုက်ကာ ယခင်စာချုပ် ချုပ်ပြီးသူတွေ ကိုပါ OWIC ကတ် ရိုက်ခွင့်မပြုဘဲ ပြန်လွှတ်တယ်လို့ လိုင်စင်ရ အေဂျင်စီ တွေ ထံ မှ သိရပါတယ်။
ယခင်က အမျိုးသားတွေ ကို အသက်၂၃နှစ်မှ ၃၁နှစ်အထိ ကန့်သက်ခဲ့ပြီး ယခု အသက် ၁၈ ကနေ ၃၅နှစ်အထိ အသက်ကန့်သတ်ချက်တိုးတာ ကို စာဖြင့် အေဂျင်စီ တွေ ကိုအကြောင်းကြားတာမျိူး မရှိဘဲ ဇန်နဝါရီ ၃၀ရက် မှ မြောက်ဒဂုံ ပင်လုံ ခန်းမမှာ စာချုပ်ချုပ်မယ့်သူတွေနဲ့ OWIC ကတ်ရိုက်မယ့်သူ တွေ ကို ပြန်လွှတ်တာ ဖြစ်တယ်လို့ သိရပါတယ်။
""ဒီနေ့ ပင်လုံမှာ စာချုပ်မယ့် သူတွေ ကိုလည်း မချုပ်ပေးဘဲ ပြန်လွှတ်တယ် အရင်စာချုပ်ချုပ်ပြီး လို့ OWIC ကတ် ရိုက်မယ့် သူတွေကို မိန်းကလေး တွေပဲ ရိုက်ပေးပြီး ယောက်ျား လေးတွေ ကို မရိုက်ပေးဘဲ ပြန်လွှတ်တာ အခုလို စာနဲ့ ကြိုတင်အကြောင်းမကြားဘဲ လုပ်ပလိုက်တော့ သွားမယ့်သူတွေကော အေဂျင်စီတွေ ကော အကုန် ပြဿနာတွေ တတ်ကုန်ပြီပေါ့""လို့ ပြည်ပအလုပ်ကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။
ဒါ့အပြင် ပြည်ပကနေ ခွင့်ဖြင့် အလည်ပြန်လာတဲ့ အမျိုးသားအသက်၁၈နှစ်မှ ၃၅နှစ် အထိ သူတွေကိုလည်းယနေ့ ဇန်နဝါရီလ ၃၀ရက်မှာ ၈မိုင် အလုပ်သမားရုံးနဲ့ မြောက်ဒဂုံ ပင်လုံရုံးတို့ မှာ OWICကတ် မရိုက်ပေးဘဲ ပြန်လွှတ်တယ်လို့ သိရပါတယ်။
""မနက်ကတည်း က ၈မိုင်ရုံး မှာယောက်ျားလေးတွေ ကို OWIC ကတ် မရိုက်ပေးဘဲ ပြန်လွှတ်တာ ကျွန်တော်က လေယာဉ်လက်မှတ် ၄ရက်နေ့ ဖြတ်ထားတာ အခု မရိုက်ပေးတော့ဘူးဆိုရင် ပြန်ထွက်လို့ မရတော့ဘူးပေါ့ ပြည်ပ ကနေ အကြောင်းအမျိုးမျိုးနဲ့ ပြန်လာမယ့်သူတွေအနေနဲ့ဒီက သတင်း တွေ သေချာ လေ့လာပြီးမှ ပြန်လာပါလို့"" ပြည်ပ မှ ခွင့်ဖြင့်ပြန်လာသူ တစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ အေဂျင်စီတွေ အနေနဲ့ ပြည်ပထွက်ရန် အသက်၁၈မှ ၃၅အထိ ကန့်သက်ချက်နဲ့ ညိနေတဲ့ စာချုပ်ချုပ်ပြီးသားသူတွေကို တော့ ထွက်ခွင့်ပြုဖို့ အလုပ်သမားဝန်ကြီးဌာနကို တင်ပြသွား ဖို့ရှိတယ်လို့ သိရပါတယ်။
စစ်မှုထမ်းဥပဒေ နည်းဥပဒေ ထုတ်ပြန် ပြီး နောက်ပိုင်း မှာ ယခုလိုပြည်ပထွက် တာ ကန့်သက် ပိတ်ပင်တွေ ပြုလုပ်လာတာ ဖြစ်ကာ အမျိုးသမီး အသက်၁၈နှစ် မှ ၂၇နှစ် အထိ ကိုလည်း စစ်မှုထမ်းရန် စာရင်းများကောက်ယူနေတဲ့သတင်းများလည်း ထွက်ပေါ်လျက်ရှိပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026