NEWS

ပြည်ပထွက်ခွာသွားတဲ့ အလုပ်သမား​တွေရဲ့ ကိုယ်ရေးအချက်အလက် တွေပို့ပေးဖို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေ ကိုညွှန်ကြား

CoverLogo
349 Views
ပြည်ပ ကို တရားဝင် သွားရောက် အလုပ်လုပ်တဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို အလုပ်သမားဝန်ကြီးဌာန ထံ ကို gmail ကတစ်ဆင့် ဇူလိုင် ၁၅ရက် နေ့ မတိုင်မီပို့ပေးဖို့ လိုင်စင်ရအေဂျင်စီ တွေ ထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။
 
၂၀၂၃ ခုနှစ် ဧပြီလ ကနေ ဒီဇင်ဘာအထိ စေလွှတ်ခဲ့ တဲ့ အလုပ်သမား တွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို ပို့ဆောင်ပေးခဲ့တဲ့ အေဂျင်စီ တွေ မှ စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးထံ ကို ပေးပို့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
"ပြည်ပကို ထွက်သွားတဲ့ ကိုယ်ရေးအချက်အလက် တွေကို စပေးရတာ က ၂၀၂၃ စက်တင်ဘာလောက်ကနေ ပေးရတာ အဲ့တုန်းက ပေးရတာလဲ အလုပ်သမားရဲ့ နာမည်နဲ့ပတ်စပို့နံပတ်လောက်ပဲ အခုက ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုပို့ပေးရတာ ၂၀၂၄ခုနှစ် အတွင်း မှာတော့ လစဉ်ပို့ပေးနေရတယ်၊ အခု တောင်းတာက ၂၀၂၃ခုနှစ်က စေလွှတ်ခဲ့တဲ့ အလုပ်သမားစာရင်းတွေ ကိုတောင်းတာ"လို့ လိုင်စင်ရ အေဂျင်စီ တစ်ခု မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
လိုင်စင်ရအေဂျင်စီ တွေ အနေနဲ့ နိုင်ငံအလိုက် မိမိတို့ စေလွှတ်ခဲ့တဲ့ အလုပ်သမားတစ်ဦးချင်းစီရဲ့ နာမည်၊အဖေနာမည်၊ မှတ်ပုံတင်နံပတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်နံပတ်၊ ပြည်တွင်းနေရပ်လိပ်စာ၊ ပြည်ပကို သွားရောက်တဲ့ နေ့စွဲ၊ ပြည်ပမှာ အလုပ် လုပ်နေတဲ့ အလုပ်အကိုင် နဲ့ နေရပ်လိပ်စာ စတာတွေ ကို စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးဌာနကို ပေးပို့ရတယ်လို့ ဆိုပါတယ်။
 
၂၀၂၃ခုနှစ် ဧပြီလ မှ ဒီဇင်ဘာအထိ စေလွှတ်ခဲ့တဲ့ အလုပ်သမား တွေရဲ့ ကိုယ်ရေးအချက်အလက် တွေ ပေးပို့ဖို့ ကျန်ရှိနေတဲ့ လိုင်စင်ရအေဂျင်စီ ၃၈၀ကျော်ရှိကာ ၎င်းတို့ကို ဇူလိုင် ၁၅ရက် မတိုင်မီပေးပို့ဖို့ အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026