NEWS

ပြည်ပထွက်ခွာခွင့်အတွက် စစ်ကောင်စီရဲ့တိုးမြှင့် သတ်မှတ်ချက်တွေကြောင့် ခွင့်ပြန် လုပ်သား တွေ အချိန်မီ လုပ်ငန်းခွင် ပြန်မရောက်နိုင်မှာကိုစိုးရိမ်နေရ

CoverLogo
357 Views
 
ပြည်ပ နိုင်ငံ တွေ ကို တရားဝင် သွားရောက် အလုပ်လုပ်မယ့် အလုပ်သမားတွေ အတွက် စစ်ကောင်စီက မူဝါဒတွေ တိုးမြှင့် သက်မှတ်လိုက်တာတွေကြောင့် ပြည်ပကနေ ခွင့်ဖြင့် ပြန်လာတဲ့ လုပ်သား တွေဟာ အချိန်မီ လုပ်ငန်းခွင်ကို ပြန်မဝင်ရောက် နိုင်မှာကို စိုးရိမ်လျက်ရှိနေတယ်လို့ ခွင့်ပြန်လုပ်သားတွေထံကသိရပါတယ်။
 
ပြည်ပ ထွက် အလုပ်လုပ်မယ့်သူတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ပြည်ပအလုပ်အကိုင်သက်သေခံ OWIC ကတ် ပြုလုပ်ပေးတာကို ဖေဖေါ်ဝါရီ လဒုတိယအပတ်က ကြိုတင်အကြောင်းကြားမှု မရှိဘဲ ပိတ်လိုက်တဲ့ အတွက် ခွင့်ပြန်လုပ်သားတွေအပါအဝင် တရားဝင် ပြည်ပထွက်အလုပ်လုပ်မယ့် အလုပ်သမားတွေ အနေနဲ့ အခက်ခဲ နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
 
OWIC ကတ် ပြုလုပ်မှုကို မတ်လ၂၀ရက် မှာ ပြန်လည်ရိုက်ခွင့်ပေးမယ်လို့ ကြေညာခဲ့ပေမယ့် OWIC ကတ် ပြုလုပ်ခွင့်လျှောက်ထားမှု ကို ယခင်က မရမ်းကုန်း၈မိုင်ရှိ အလုပ်သမားရုံးမှာ နေ့ချင်းပြီး ပြုလုပ်ပေးပေမယ့် လက်တလော ပြောင်းလဲ သတ်မှတ်ချက်အရ OWICကတ်ပြုလုပ်ရန် လျှောက်ထားချက်ကို စာတိုက်ကနေတစ်ဆင့် နေပြည်တော်ရှိ အလုပ်သမားရုံးချုပ် ကို လျှောက်ထားရမှာဖြစ်ပြီး ပြုလုပ်ခွင့်ရရှိမှ မြောက်ဒဂုံ အလုပ်သမားသင်တန်းကျောင်း မှာ ထုတ်ယူရမယ်လို့ ထုတ်ပြန်ထားပါတယ်။
 
" မတ်လကုန် ကို ပြန်ဖို့ ပြင်ထားတာ အခုက OWIC ကတ် ပြုလုပ်တာတွေ နဲ့ ပြည်ပ ထွက်ခွင့်တွေ တောင်းရမယ်ဆိုတော့ ဧပြီလ ပထမအပတ်ကို လေယာဉ်လက်မှတ် ချိန်းလိုက်တယ် OWICကတ် ကို မတ်လ ၁၉ရက်က တင်ထားတာ အခုထိနာမည်စာရင်းမပါသေးဘူး ခွင့်ယူထားတာလည်းတစ်လကျော်ပြီ စက်ရုံဘက်ကလည်း နောက်ထပ်ခွင့်ယူမယ်ဆိုရင် သူဌေးဘက်ကလည်းပြောလာတော့မယ် အချိန်မီ လုပ်ငန်းခွင် ပြန်ရောက်ပါစေဆုတောင်းနေရတယ်""လို့ မလေးရှားမှခွင့်ဖြင့်ပြန် လုပ်သားတစ်ဦးကပြောပါတယ်။
 
အခုလိုပြည်ပထွက်ခွာမယ့် လုပ်သားတွေအပေါ် စစ်ကောင်စီရဲ့ မူဝါဒ ပြောင်းလဲ သတ်မှတ်ချက်တွေကြောင့် ခွင့်ပြန် အလုပ်သမားတွေအပါအဝင် ပြည်ပထွက်ခွာမယ့် အလုပ်သမားတွေ ဟာ အချိန်မီ လုပ်ငန်းခွင် ပြန်မရောက်မှာစိုးရိမ်ပြီး ကြိုတင် လျှောက်ထားတာတွေကြောင့် အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ရုံးဝန်ထမ်းတွေ အနေနဲ့ မနိုင်မနင်းတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
 
""သူတို့က တနေ့တမျိုး စည်းကမ်း သတ်မှတ်ချက်တွေ ထုတ်နေတော့ လုပ်သားတွေက ပြည်ပထွက်ခွင့် မရမှာ စိုးရိမ်ပြီး အီးမေးပို့တာတွေ စာတိုက်က ပို့တာတွေ ကြိုလုပ်လာကြတယ် အဲ့တော့ ဝန်ကြီးဌာန ဘက်က ဝန်ထမ်းတွေ မနိုင်မနင်းတွေ ဖြစ်ပြီး ပြုလုပ်ခွင့် ပြန်ချပေးတဲ့ စာတွေ မှာဆို Male နဲ့ Female မှားတာတွေ date တွေ ခုနှစ်တွေ မှားတာတွေ အများကြီး အခုလိုမှားတာက အလုပ်သမားတွေ လေဆိပ် ရောက်လို့ အဲ့က စစ်ဆေးတဲ့ လူကြီးတွေကို ပြောလို့ရရင်တော်သေးတယ် ပြောလို့မရရင် ကြားထဲက အလုပ်သမားကနစ်နာအုံးမယ်"လို့အေဂျင်စီ အသိုင်းဝိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
 
ပြည်ပထွက်ခွာခွင့်ပြုချက်ကို လည်း Gmail ကနေတစ်ဆင့် တောင်းရာမှာလည်း ခွင့်ပြုချက် တောင်းခံသူ အလွန်များ တဲ့ အတွက် ထွက်ခွာမယ့် ရက်ထက် နှစ်ပတ်ထက်စော ပြီး ခွင့်ပြုချက်မတောင်းဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026