NEWS

ပြည်ပထွက်ခွင့် အသက်ကန့်သက်ချက်ကြောင့် အမျိုးသား​တွေ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနည်းလာ

CoverLogo
827 Views

အမျိုးသား​တွေ ပြည်ပထွက်ခွင့် အသက်ကန့်သက်ချက်ကြောင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ အမျိုးသမီး လုပ်သားခေါ်ယူတဲ့ အလုပ်ခေါ်စာတွေကို အဓိက ထားပြီး အလုပ်အကိုင်ရှာဖွေချိတ်ဆက်မှုတွေ ပြုလုပ်လာတယ်လို့ လိုင်စင်ရအေဂျင်စီ တွေ ထံ က သိရပါတယ်။ 

ပြည်ပ အလုပ်ခေါ်စာ အများစုမှာ အမျိုးသား လုပ်သားတွေ ကို ပိုမိုခေါ်ယူပေမယ့် လက်ရှိမှာ စစ်ကောင်စီ က အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို အသက်၂၃ နှစ်ကနေ ၃၁နှ စ် အထိ သွားခွင့် မပေးတဲ့ အတွက် အေဂျင်စီတွေ အနေနဲ့ လုပ်သားရှာဖွေရာ မှာ အခက်ခဲ ဖြစ်တာကြောင့် အမျိုးသမီး အလုပ်သမား အများဆုံးခေါ်တဲ့ စက်ရုံ အလုပ်ရုံ တွေရဲ့ အလုပ်ခေါ်စာ တွေကိုသာ ချိတ်ဆက် ရှာဖွေ လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

""ပြည်ပအလုပ်ခေါ်စာကတော့ အမျိုးသားတွေခေါ်တာများပါတယ် အခုက အသက်ကန့်သက်ချက်က ရှိနေတော့ သွားမယ့်သူ ရှာရတာ အရမ်းခက်ခဲနေတယ် ဟိုဘက်က သူဌေးတွေကလည်း လူငယ်တွေ ကို ကြိုက်တယ် ဒီဘက်မှာကျတော့ လည်း ၂၃ကနေ ၃၁အထိ သွားခွင့်မပြုတော့ အေဂျင်စီ တွေ အနေနဲ့ လုပ်သားရှာရတာ ခက်လာတယ် တစ်ချို့အေဂျင်စီတွေမှာ လူမပြည့်လို့ စာချုပ်မချုပ်ရသေးတဲ့ demand တွေ ရှိလာတယ်  ဒီတော့ အခုနောက်ပိုင်း အမျိုးသမီး လုပ်သားခေါ်တဲ့ အလုပ်ခေါ်စာ တွေကို အဓိကထားရှာ ကြတယ်  အမျိုးသမီးကျတော့ အသက်ကန့်သက်ချက် လည်း မရှိတော့ ရှာရတာ အဆင်ပြေသေးတယ်လေ""လို့ လိုင်စင်ရအေဂျင်စီ  မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

လတ်တလောမှာ အမျိုးသမီး လုပ်သား လိုအပ်ချက် ပိုများတဲ့ အထည်ချုပ် လုပ်ငန်း စားသောက်ကုန်နဲ့ ကုန်ထုတ် လုပ်ငန်းစတဲ့ လုပ်ငန်းတွေ အတွက် အမျိုးသမီး လုပ်သားတွေကို ခေါ်ယူလာတာ ပိုများလာသလို အမျိုးသမီးတွေလည်း ပြည်ပထွက် အလုပ်လုပ်ကိုင်မှုဟာ အာဏာမသိမ်းခင်ကာလ ထက် သုံးဆ လေးဆ ခန့် ပို များ လာတယ်လို့ အေဂျင်စီ တွေထံက သိရပါတယ်။ 

"" အမျိုးသမီးတွေ ပြည်ပ ထွက် အလုပ်လုပ်တာ က ကိုဗစ် မဖြစ် ခင် အာဏာမသိမ်းခင်က ထက် ပိုများလာတယ် တရားဝင်ကော တရားမဝင် တွေကော သွားကြတာ တစ်ချို့ကလည်း အမျိုးသားတွေတောင်အသက်ကန့်သက်ထားတာ အမျိုးသမီး တွေ လူငယ်တွေ လည်း စစ်မှုထမ်းဥပဒေနဲ့ ပြည်ပထွက်ခွင့် အသက်ကန့်သတ်မှာစိုးရိမ်ပြီးရတုန်း ထွက်ကြတဲ့သဘော ဒီမှာကလည်း ကုန်ကျစရိတ်နဲ့ဝင်ငွေမမျှတ တာတွေလည်း ပါတော့ လူငယ်တော်တော်များများပြည်ပထွက်ဖို့ လုပ်လာတာများတယ်""လို့ အေဂျင်စီ အသိုင်းဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီ အနေနဲ့ အမျိုးသား တွေကို အသက်၂၃ မှ ၃၁ အထိ ပြည်ပထွက်ခွင့်ပိတ်ထားပြီး စစ်မှုထမ်းဖို့ခေါ်ယူနေတာမှာ အပတ်စဉ် ၅အထိ ရှိနေပြီး အမျိုးသမီး တွေ ကို စစ်မှုထမ်းရန် အတွက် ရပ်ကွက် ကျေးရွာ တွေ မှာ အသက်အပိုင်းခြားအကျုံးဝင်သူတွေ ကို စာရင်းကောက်ယူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026