NEWS

ပြည်ပထွက်ခွင့် တင်းကျပ်မှုကြောင့် အလုပ်သမားတွေ ချေးငွေပိကာ နစ်နာဆုံးရှုံးမှုများနေ

CoverLogo
671 Views
 
ပြည်ပထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မူဝါဒတွေ ပြောင်းလဲ ပြီး စိစစ်ခွင့်ပြုမှု တွေ ကြန့်ကြာ တာကြောင့် ပြည်ပထွက် ဖို့ လုပ်ဆောင်ထားတဲ့ အလုပ်သမားတွေဟာ အတိုးငွေ ပိကာ နစ်နာဆုံးရှုံးမှု တွေ ဖြစ်ပေါ်နေကြရတယ်လို့ သိရပါတယ်။
 
၂၀၂၅ ခုနှစ် ဇန်နဝါရီ လ ကုန်ပိုင်းက စပြီး အလုပ်သမားတွေ အတွက် ပြည်ပထွက် ခွင့် ကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ကန့်သက် ပိတ်ပင် စိစစ်မှု တွေ ပြုလုပ် ခဲ့ပါတယ်။
 
ပြည်ပထွက် အလုပ်လုပ်ရန် EC စာချုပ် ချုပ်ဆို ထားတဲ့ အသက် ၁၈မှ၃၅နှစ် အတွင်းရှိ အမျိုးသား လုပ်သားတွေ ကို ပြည်ပ ထွက်ခွင့် ပိတ်ခဲ့သလို စာချုပ် ထားတဲ့ အမျိုးသမီး လုပ်သားတွေ မှာလဲ ပြည်ပ ထွက်ခွင့် မရသေးဘဲ ကြန့်ကြာမှု တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
 
""ကျွန်မတို့ အဖွဲ့ဆို ထိုင်းသွားဖို့စာချုပ် ချုပ်ထားတာ ၁ လပိုင်းကတည်းက အခုထိ မထွက်ရသေးဘူး။ အေဂျင်စီကို ပိုက်ဆံ အကုန်သွင်းထားရတာ သွင်းငွေ အတွက် က အပြင်ကနေ အတိုးနဲ့ ဆွဲပြီးမှ သွင်းထားရတာ အခုဆို ထိုင်းမရောက်သေးဘူး အတိုးဆပ်ဖို့ကို ရှာကြံ အလုပ်လုပ်နေရတာ တချို့ဆို ခြံတွေဝိုင်းတွေ ရောင်းပြီးပေးရတာတွေပါရှိတယ်""လို့ ပြည်ပထွက်ဖို့ လုပ်ဆောင်ထားသူတစ်ဦးကပြောပါတယ်။
 
အချို့ EC စာချုပ် ချုပ်ထားတဲ့ အလုပ်သမားတွေ မှာ နဂို သတ်မှတ်ထားတဲ့ ကာလ အတွင်း ပြည်ပ မသွားရတဲ့ အတွက် ကုန်ကျထားတဲ့ ငွေပမာဏ ကို အခြား ရရာ အလုပ်ဝင်ပြီး အတ်ိုးငွေ ပေးနေရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
 
"" ပထမ တော့ ပြည်ပ ထွက် အလုပ်လုပ်မယ်ဆိုပြီး ရုံးကနေ ထွက်လိုက်တာ အခု တော့ အရင်အလုပ်လဲ ပြုတ်ပြည်ပလည်းမသွားရ သေး အတိုးက တက် နဲ့ ဆိုတော့ ရတဲ့ အလုပ်ဝင်လုပ်ပြီး အတိုးပေးနေရတယ် တချို့ ဆို ဖြစ်ချင်ရာ ဖြစ် ရှိတာ ရောင်းချပြီး တရားဝင် အထောက်အထားနဲ့ သွားချင်ပေမယ့် အောက်လမ်းကနေ သွားလိုက်ရတဲ့သူတွေလည်းရှိတယ်""လို့ နစ်နာမှုကြုံနေရတဲ့ အလုပ်သမားတစ်ဦးကပြောပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနက EC စာချုပ်ချုပ် ထားပြီးတဲ့ အလုပ်သမားတွေ ကို ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC )ရိုက်ခွင့် ပေးတာမှာ အလွန် စိစစ် ပြီး ရိုက်ခွင့်တင်ထားသူထက် ပြန်လည်ချပေးတဲ့ဦးရေ အလွန်နည်းသလို ပြည်ပထွက်ခွင့် ကိုပါ ထပ်တိုး တောင်းခံရပြီး အခြား လုပ်ငန်းစဉ်မူဝါဒတွေ ပြောင်းလဲ လိုက်တာကြောင့် အလုပ်သမားတွေ ပြည်ပထွက် ဖို့ ကြန့်ကြာမှု တွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
 
ပြည်တွင်းမှာ လည်း စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မခေါ်ယူစစ်မှုထမ်းခိုင်းနေတဲ့ အတွက် လူငယ် အများစု ပြည်ပ နိုင်ငံ တွေ ကို တရားမဝင် သွားရောက် တာ များလာသလို အခုလို ပြည်ပထွက်ခွင့်ကြန့်ကြာတာတွေ ကြောင့် လည်း တရားမဝင် သွားရောက်သူ အရေအတွက် ပိုမိုများလာပြီး ငွေကြေး သိန်း ရာချီကုန်ကျပေမယ့် ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိနေပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026