NEWS

ပြည်ပစေလွှတ်ထားတဲ့ အလုပ်သမားရဲ့မိသားစုထံလွှဲပို့ငွေအထောက်အထားမပြနိုင်တဲ့အေဂျင်စီကို အရေးယူမယ်လို့ဆို

CoverLogo
468 Views

ပြည်ပကိုစေလွှတ်ထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ မိမိတို့အလုပ်သမားရဲ့မိသားစုထံတရားဝင်လွှဲပို့ငွေအထောက်အထားများ မတင်ပြနိုင်ပါက အရေးယူမယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ 

"သတင်းထုတ်ပြန်ထားတယ်။ အဲ့ဒီအပေါ် အဖွဲ့ချုပ်အနေနဲ့ ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ထင်ပါတယ်။ ချက်ချင်းဆိုသလို စာရင်းတွေလိုက်စုဖို့ကမလွယ်ဘူး။  အတိအကျတော့ပြောလို့မရသေးပါဘူး" လို့ ပြည်ပသို့အလုပ်သမားစေလွှတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ 

ပြည်ပနိုင်ငံများသို့ထွက်ခွာလုပ်ကိုင်နေကြတဲ့ ​မြန်မာ အလုပ်သမားတွေရဲ့လစာထဲက ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့ လွှဲပို့ပေးထားတဲ့ပြေစာ  တရားဝင် ဘဏ်တွေကနေ လွှဲပို့ထားကြောင်း အထောက်အထားတွေကို  စေလွှတ်လိုက်တဲ့ပြည်ပအလုပ်အကိုင်အေဂျင်စီ တွေက လစဉ်တင်ပြဖို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတာဖြစ်ပါတယ်။ 

အေဂျင်စီတွေအနေနဲ့၂၀၂၃ စက်တင်ဘာလကနေ ၂၀၂၄  ဧပြီလ အထိ စေလွှတ်ထားတဲ့  အလုပ်သမား တွေရဲ့ မိသားစုဆီပေးပို့ငွေစာရင်း၊ အထောက်အထားတွေ  ယခုလဇွန်လမှစတင်ပြီး လစဉ် လဆန်း၅ရက် ထက် နောက်မကျဘဲပေးပို့ဖို့နဲ့ ငွေလွှဲ ပို့ ကြောင်းအထောက်အထားကို ၂၀၂၃ခုနှစ် စက်တင်ဘာလ မှ  ဒီဇင်ဘာ လအထိ အလုပ်သမား ၅၀ ဦးနဲ့ အထက် စေလွှတ်ခဲ့တဲ့ အေဂျင်စီတွေက စာရင်းပေးပို့ဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ 

"ကျွန်မတို့အနေနဲ့က ဒီဘက်မှာအခွန်ဆောင်ရတာက အကျိုးရှိပါတယ်။ အဲ့ဒီကိုယ့်မြန်မာဘက်ကိုဆောင်ရတဲ့အခွန်က ဘာအကျိုးမှမရှိဘူး အလကားသပ်သပ်ပေးနေရတာ။ အမှန်ကဒီအခွန်ကဆောင်နေစရာကိုမလိုတာ။ အကုန်ဆောင်ထားပြီးသား။ ဒါပေမဲ့ ပက်စပို့သက်တမ်းတိုးမယ်ဆိုတာနဲ့ ကျွန်မတို့လစာဘနှစ်လလဲသူတို့တွက်ပြီး သွင်းရမှာသွင်းပြီး ဘဏ်ပြေစာရမှ သက်တမ်းတိုးရမှာဆိုတော့ မပေးချင်လည်းပေးရတာပဲ" လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်တဲ့  အလုပ်သမားစေလွှတ်ခဲ့တဲ့ အေဂျင်စီတွေဟာ   ၂၀၂၃ စက်တင်ဘာလ အတွင်း အေဂျင်စီ ၆၅ ခု ၊ အောက်တို ဘာလအတွင်း အေဂျင်စီ ၇၈ ခု၊ နိုဝင်ဘာလအတွင်း အေဂျင်စီ ၈၃ ခု၊ ဒီဇင်ဘာလအတွင်း  ၅၆ ခုတို့က လစဥ်အလုပ်သမား ၅၀ဦးနဲ့အထက်စေလွှတ်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ 

အဲဒီ အေဂျင်စီတွေဟာ မိမိတို့စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့လစာကို တရားဝင်ဘဏ်များကတစ်ဆင့် မိသားစုထံသို့ လွှဲပြောင်းပေးပို့တဲ့  အထောက် အထားတွေကို ယခုလဇွန် ၂၈ရက်နေ့နောက်ဆုံးထားပေးပို့ရမှာဖြစ်သလို မပေးပို့နိုင်တဲ့အေဂျင်စီတွေကို ပြည်ပလုပ်သားစေလွှတ်ရေးလုပ်ငန်းစဉ်တွေ ယာယီဆိုင်းငံသွားမှာ ဖြစ်တယ်လို့ သတိပေးထားပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပနိုင်ငံများသို့ထွက်ခွာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေလစာရဲ့ ၂ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ်ကောက်ယူနေတာဖြစ်သလို အလုပ်သမားလစာရဲ့  ၂၅ရာခိုင်နှုန်းကိုလည်း မိသားစုဆီတရားဝင်လွှဲပို့ဖို့ အတင်းအကြပ်တိုက်တွန်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ 


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025