NEWS

ပြည်ပစေလွှတ်ထားတဲ့ အလုပ်သမားရဲ့မိသားစုထံလွှဲပို့ငွေအထောက်အထားမပြနိုင်တဲ့အေဂျင်စီကို အရေးယူမယ်လို့ဆို

CoverLogo
588 Views

ပြည်ပကိုစေလွှတ်ထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ မိမိတို့အလုပ်သမားရဲ့မိသားစုထံတရားဝင်လွှဲပို့ငွေအထောက်အထားများ မတင်ပြနိုင်ပါက အရေးယူမယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ 

"သတင်းထုတ်ပြန်ထားတယ်။ အဲ့ဒီအပေါ် အဖွဲ့ချုပ်အနေနဲ့ ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ထင်ပါတယ်။ ချက်ချင်းဆိုသလို စာရင်းတွေလိုက်စုဖို့ကမလွယ်ဘူး။  အတိအကျတော့ပြောလို့မရသေးပါဘူး" လို့ ပြည်ပသို့အလုပ်သမားစေလွှတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ 

ပြည်ပနိုင်ငံများသို့ထွက်ခွာလုပ်ကိုင်နေကြတဲ့ ​မြန်မာ အလုပ်သမားတွေရဲ့လစာထဲက ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့ လွှဲပို့ပေးထားတဲ့ပြေစာ  တရားဝင် ဘဏ်တွေကနေ လွှဲပို့ထားကြောင်း အထောက်အထားတွေကို  စေလွှတ်လိုက်တဲ့ပြည်ပအလုပ်အကိုင်အေဂျင်စီ တွေက လစဉ်တင်ပြဖို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတာဖြစ်ပါတယ်။ 

အေဂျင်စီတွေအနေနဲ့၂၀၂၃ စက်တင်ဘာလကနေ ၂၀၂၄  ဧပြီလ အထိ စေလွှတ်ထားတဲ့  အလုပ်သမား တွေရဲ့ မိသားစုဆီပေးပို့ငွေစာရင်း၊ အထောက်အထားတွေ  ယခုလဇွန်လမှစတင်ပြီး လစဉ် လဆန်း၅ရက် ထက် နောက်မကျဘဲပေးပို့ဖို့နဲ့ ငွေလွှဲ ပို့ ကြောင်းအထောက်အထားကို ၂၀၂၃ခုနှစ် စက်တင်ဘာလ မှ  ဒီဇင်ဘာ လအထိ အလုပ်သမား ၅၀ ဦးနဲ့ အထက် စေလွှတ်ခဲ့တဲ့ အေဂျင်စီတွေက စာရင်းပေးပို့ဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ 

"ကျွန်မတို့အနေနဲ့က ဒီဘက်မှာအခွန်ဆောင်ရတာက အကျိုးရှိပါတယ်။ အဲ့ဒီကိုယ့်မြန်မာဘက်ကိုဆောင်ရတဲ့အခွန်က ဘာအကျိုးမှမရှိဘူး အလကားသပ်သပ်ပေးနေရတာ။ အမှန်ကဒီအခွန်ကဆောင်နေစရာကိုမလိုတာ။ အကုန်ဆောင်ထားပြီးသား။ ဒါပေမဲ့ ပက်စပို့သက်တမ်းတိုးမယ်ဆိုတာနဲ့ ကျွန်မတို့လစာဘနှစ်လလဲသူတို့တွက်ပြီး သွင်းရမှာသွင်းပြီး ဘဏ်ပြေစာရမှ သက်တမ်းတိုးရမှာဆိုတော့ မပေးချင်လည်းပေးရတာပဲ" လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်တဲ့  အလုပ်သမားစေလွှတ်ခဲ့တဲ့ အေဂျင်စီတွေဟာ   ၂၀၂၃ စက်တင်ဘာလ အတွင်း အေဂျင်စီ ၆၅ ခု ၊ အောက်တို ဘာလအတွင်း အေဂျင်စီ ၇၈ ခု၊ နိုဝင်ဘာလအတွင်း အေဂျင်စီ ၈၃ ခု၊ ဒီဇင်ဘာလအတွင်း  ၅၆ ခုတို့က လစဥ်အလုပ်သမား ၅၀ဦးနဲ့အထက်စေလွှတ်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ 

အဲဒီ အေဂျင်စီတွေဟာ မိမိတို့စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့လစာကို တရားဝင်ဘဏ်များကတစ်ဆင့် မိသားစုထံသို့ လွှဲပြောင်းပေးပို့တဲ့  အထောက် အထားတွေကို ယခုလဇွန် ၂၈ရက်နေ့နောက်ဆုံးထားပေးပို့ရမှာဖြစ်သလို မပေးပို့နိုင်တဲ့အေဂျင်စီတွေကို ပြည်ပလုပ်သားစေလွှတ်ရေးလုပ်ငန်းစဉ်တွေ ယာယီဆိုင်းငံသွားမှာ ဖြစ်တယ်လို့ သတိပေးထားပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပနိုင်ငံများသို့ထွက်ခွာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေလစာရဲ့ ၂ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ်ကောက်ယူနေတာဖြစ်သလို အလုပ်သမားလစာရဲ့  ၂၅ရာခိုင်နှုန်းကိုလည်း မိသားစုဆီတရားဝင်လွှဲပို့ဖို့ အတင်းအကြပ်တိုက်တွန်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026