NEWS

ပြည်ပကိုသွားရောက်တဲ့ အလုပ်သမား ၅ သောင်းကျော်ရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထား နှင့်အတူ အေဂျင်စီတွေကိုပါ ခေါ်ယူစစ်ဆေးမည်ဟုဆို

CoverLogo
454 Views

၂၀၂၄ ခုနှစ် မေလ ကနေ ဩဂုတ်လအထိ အေဂျင်စီ ကတစ်ဆင့် ပြည်ပကို တရားဝင်သွားရောက် ခဲ့တဲ့  အလုပ်သမား၅သောင်းကျော်ရဲ့ မိသားစုထံ လွှဲပို့ငွေ အထောက်အထားနဲ့အတူ  တစ်ရက်လျှင် အေဂျင်စီ ၅၀ ခု စီ ခေါ်ယူစစ်ဆေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန ရဲ့ ထုတ်ပြန်အသိပေးချက်အရသိရပါတယ်။

နိုင်ငံအလိုက် စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေအထောက်အထား တင်ပြမှု စိစစ်ရေး လုပ်ငန်းစဉ်ကို လာမယ့် ဒီဇင်ဘာ၁၆ရက်  မှ စပြီး တစ်ရက်ကို အေဂျင်စီ ၅၀ခု နှုန်းနဲ့  အလုပ်သမားဝန်ကြီးဌာန ရန်ကုန်တိုင်းရုံး ကို မပျက်မကွက် လာရောက် တင်ပြဖို့ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အကျိူးဆောင် လိုင်စင်ရအေဂျင်စီ တွေ ကို အသိပေးထားပါတယ်။

"မေလကနေဩဂုတ်အထိ ကိုယ့်အေဂျင်စီ က စေလွှတ်ခဲ့တဲ့ အလုပ်သမား ရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထား ကို ယူပြီး တော့ ရှစ်မိုင်က ရန်ကုန်တိုင်း အလုပ်သမားရုံး ကို သွားရမှာပါ သူတို့ တင်ပြခိုင်းတဲ့ပမာဏ မပြည့်ရင်တော့ ဒဏ်ငွေ နဲ့ Demand အသစ် တင်ခွင့် ပိတ်မှာပေါ့ အခုက မိသားစု လွှဲပို့ငွေ အထောက်အထားမပြနိုင်လည်း ဒဏ်ရိုက်သလို လချုပ်စာရင်း အချိန်မှီ မပို့ရင်လည်း ဒဏ်ရိုက်တယ်"လို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မေလ ကနေ ဩဂုတ်လအထိ လုပ်သား  စေလွှတ်ခဲ့ တဲ့ အေဂျင်စီ ၄၂၉ ခု ရှိကာ ပြည်ပကို သွားရောက်တဲ့ အလုပ်သမား ၅၆၈၆၀ဦး ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွက် မိသားစုလွှဲပို့ငွေ လချုပ်စာရင်း မပို့တဲ့ အေဂျင်စီ ၁၁၈ ခု ရှိပြီး အချိန်မီ  မပို့ပါက ဒဏ်ကြေးငွေနဲ့ Demand  letter အသစ်တင်ပြခွင့် ပိတ်မှာဖြစ်သလို အောက်တိုဘာလ အတွက်ပါ စာရင်းမပို့ပါက ဒဏ်ကြေးငွေ ၂ဆ ပေးရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီ များထံ အသိပေးထားပါတယ်။

 


Related posts

Cover
အကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၇ဦး နစ်နာကြေး ဘတ် ၄ သိန်း ခန့်ရရှိ
Jan 11, 2026
Cover
မလေးရှားသွားဖို့ ဘတ် ၅သောင်းကျော် ပေးခဲ့ရသည့် မြန်မာလုပ်သား ၂၀ ထိုင်းနိုင်ငံ အုန်းခြံထဲတွင် ပွဲစားလာမခေါ်လို့ အဖမ်းခံရ
Jan 11, 2026
Cover
ကိုရီးယားရောက်မြန်မာများ ပတ်စပို့ကို ကြိုတင်သက်တမ်းတိုးရန် မြန်မာသံရုံး အသိပေး
Jan 11, 2026
Cover
မြန်မာလုပ်သားများကို ငွေညှစ်သည့် ထိုင်းရဲ တိုင်ကြားခံရ
Jan 11, 2026
Cover
တိုင်းရင်းသူ ၃ဦးကို အလုပ်ရမည်ဟု လိမ်ခေါ်ပြီး တရုတ်အမျိုးသားထံ ပြည့်တန်ဆာအဖြစ် ရိုက်နှက်ကာ အဓမ္မစေခိုင်း
Jan 10, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
ပွဲစားခ ဘတ်တစ်သောင်းဝန်းကျင်ပေးခဲ့ရသည့် မြန်မာလုပ်သား ၅၀ကျော် လုပ်သက် ရှစ်လဝန်းကျင်တွင် အလုပ်ထုတ်ခံရ
Jan 10, 2026
Cover
ဆိုင်ကယ် စီးလာသည့် မြန်မာလုပ်သား ၂ဦး ကို လမ်းကြောင်းမှားဝင်လာသည့် ကားမှ ဝင်တိုက် ၁ ဦးသေဆုံး
Jan 10, 2026