NEWS

ပြည်တွင်း လုပ်သား ၄၀၀၀ ခန့်အလုပ်အကိုင်ပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှု ၄ ခုခွင့်ပြုထားဟု စစ်ကော်မရှင်ထုတ်ပြန်

CoverLogo
290 Views
ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်တွင်း လုပ်သား ၄၀၀၀ ခန့်ကို အလုပ်အကိုင်ပေးနိုင်မယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၄ခုကို ခွင့်ပြုလိုက်တယ်လို့ စစ်ကော်မရှင် လက်အောက်ခံရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ YRICရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ကော်မတီရဲ့ (၁၀/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးမှာ ထုတ်လုပ်မှုကဏ္ဍ အတွက် ၎င်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၄ ခုကို အတည်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။
အတည်ပြုပေးခဲ့တဲ့ လုပ်ငန်းတွေမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးနဲ့ အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းများဖြစ်တယ်လို့ သိရပါတယ်။
 
၎င်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၄ ခုရဲ့ မတည်ရင်းနှီးငွေ ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၉၆ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၃,၆၉၅ ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်တယ်လို့ YRIC က ထုတ်ပြန်ထားပါတယ်။
 
၎င်း အစည်းအဝေး တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်မယ့် လုပ်ငန်းတစ်ခုအပါအဝင် အထွေထွေ ကိစ္စရပ်များတင်ပြလာတဲ့ ကုမ္ပဏီ ၁၀ ခု၏ တင်ပြချက်တွေကိုပါ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး တွင် စက်မှုဇုန် ၂၉ဇုန်ရှိပြီး လက်ရှိကာလ တွင် ပြည်တွင်း လုပ်ခလစာရရှိမှုနှင့် စားဝတ်နေရေး ကုန်ကျစရိတ် မှာ လောက်ငှ မှုမရှိတာကြောင့် လုပ်သားအများစု ဟာ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကျတဲ့အတွက် စက်ရုံ အများစု တွင် ကျွမ်းကျင် လုပ်သားရှားပါးမှုနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026