NEWS

ပြစ်ဒဏ်ကျခံပြီးသည့် ရွှေ့ပြောင်း လုပ်သား ၁၃၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့

CoverLogo
368 Views
 
အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရပြီး တဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၃၁ ဦး ကို ရနောင်းထိန်းသိမ်းရေးစခန်းမှ တစ်ဆင့် ကော့သောင်းဘက်သို့ ထိုင်းအာဏာပိုင်တွေ က ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ရနောင်းမြို့လဝကရုံးထုတ်ပြန်ကြေငြာချက်အရသိရပါတယ်။
 
ဇွန်လ ၂၅ ရက် နံနက်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၁ဦး ကို ရနောင်းဆိပ်ကမ်းကနေ ကော့သောင်းဘက်ကို စက်လှေ ကိုးဆင်းဖြင့် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာလုပ်သား ၁၃၁ဦး တွင် အမျိုးသား ၁၀၄ဦးနဲ့အမျိုးသမီး ၂၇ဦး ပါရှိ ပြီး နေရပ်ပြန်ပို့ရာ တွင် ရနောင်းခရိုင်လဝက နဲ့အတူ စစ်ကောင်စီရဲ့ အလုပ်သမား သံအရာရှိ ဦးမိုးဇော်လည်း ပါရှိတယ်လို့ သိရပါတယ်။
 
အခုလို ထိုင်းမှ တစ်ဆင့် နေရပ်ပြန်ပို့ ခံရတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေ ကို စစ်ကောင်စီ မှ အတင်းအဓမ္မစစ်မှုထမ်းခိုင်း တာတွေရှိနေတယ်လို့ မြန်မာလုပ်သားအရေးကူညီပေးသူတွေထံ က သိရပါတယ်။
 
အခုလို စစ်မှုထမ်း ဖို့ အဓမ္မခေါ်ဆောင်တာတွေရှိတဲ့ အတွက် ပြစ်ဒဏ်ကျခံပြီးတဲ့ ရွှေ့ပြောင်း မြန်မာလုပ်သားတွေကို စစ်ကောင်စီထံ ပြန်မပို့ဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နဲ့ တက်ကြွလှုပ်ရှားသူတွေက ထိုင်းအစိုးရထံတောင်းဆိုမှု ပြုလုပ်ပေမယ့် ယခု၂၀၂၅ခုနှစ် အတွင်းမှာပင် နေရပ်ပြန်ပို့ခံရ တဲ့မြန်မာလုပ်သား ဦးရေ တစ်ထောင်ကျော် ရှိကာ အသက် ၁၈ မှ၃၅နှစ် အတွင်းရှိ အမျိုးသားများ အများဆုံး ပါဝင်ကြောင်း ရနောင်းမြို့လဝကရုံးထုတ်ပြန် တဲ့စာရင်း အရသိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026