NEWS

ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအလုပ်သမား ၁၈၀ ကျော်ကို နေရပ်ပြန်ပို့

CoverLogo
533 Views

ထိုင်းနိုင်ငံ အတွင်း အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ ခဲ့ရတဲ့ မြန်မာ အလုပ်သမား ၁၈၃ ဦး ကို နိုဝင်ဘာ ၂၈ ရက်က ထိုင်းအာဏာပိုင်တွေ က မြန်မာ ဘက်ကို ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြန်ကြားရေးဌာန ရဲ့ ထုတ်ပြန်မှု အရသိရပါတယ်။ 

၎င်း မြန်မာအလုပ်သမား ၁၈၃ ဦး ကို  ရနောင်းတောမောရုံးအချုပ် အတွင်း ကနေ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ အကူတာဝန်ခံဦးမိုးဇော်နှင့် ထိုင်းဘက်မှသက်ဆိုင်ရာဌာနတာဝန်ရှိသူများပူးပေါင်းကာ   ရနောင်းမြို့ပန်နာရပ်ကွက်ရှိ စူလ်ကာကော်လှေဆိပ်မှတစ်ဆင့် ကော့သောင်းမြို့သို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

""အိမ်ကို ဘေးကင်းစွာနဲ့ ပြန်ရောက်ပါစေ လို့ ဆုတောင်းပေးနေရတယ် ကိုယ့်နိုင်ငံသားတွေ အချုပ်ထောင်က လွတ် လာပေမယ့် မပျော်နိုင်သေးဘူးကိုယ်ရဲ့ မိသားစု ဆီကို ဘေးကင်းစွာ ရောက် ဖို့ ကို စိုးရိမ်နေရသေးတယ် အခု ရနောင်း အချုပ်ထောင်ထဲ မှာလဲ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံထားရတဲ့ မြန်မာအလုပ်သမားတွေ အတော်များတယ် အချုပ်ခန်းထဲ ပြည့်လျှံ နေလို့ မြန်မာ ဘက်ကို မြန်မြန် ပို့ နိုင်အောင် ထိုင်းအာဏာပိုင်တွေဘက်က လုပ်နေကြတယ်""လို့ရနောင်းမြို့ရှိ မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က လည်း
ထိုင်းနိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ် ကျခံ ရ တဲ့ မြန်မာအလုပ်သမား ၁၈၆ ဦး ကို ထိုင်းအာဏာပိုင်တွေက မြန်မာဘက် ကော့သောင်း မြို့ကို ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026