NEWS

ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၇၀၀ကျော်ကို ထိုင်းမှစစ်မကော်မရှင်ထံလွှဲပို့ပေးခဲ့

CoverLogo
377 Views
 
ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက စစ်ကော်မရှင်ထံ လွှဲပို့ပေးခဲ့တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
 
လွှဲပို့ခံရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေထဲက လူငယ်တွေကို စစ်ကော်မရှင် က အဓမ္မစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံနေရကြောင်း သတင်းမီဒီယာတွေနဲ့လူ့အခွင့်အရေးအဖွဲ့စည်းတွေက တင်ပြတာတွေ ရှိပေမယ့် ထိုင်းအာဏာပိုင်တွေဘက်မှလစဉ် ပြန်ပို့ပေးလျက်ရှိရာ ယခုအောက်တိုဘာလ ၉ရက်နေ့က ပင် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၉၀ဦးကို စစ်ကော်မရှင်ထံ လွှဲပို့ပေးခဲ့ပါတယ်။
 
ယခုနှစ်အတွင်း ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်နေ့က ၁၃၁ ဦး၊ ဇွန်လ ၃၀ ရက်နေ့က ၉၈ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်လတွင် ၉၉ ဦး၊ စက်တင်ဘာလတွင် ၂၉၂ ဦး၊အောက်တိုဘာ ၉ရက်က ၉၀ဦး စုစုပေါင်း၁၇၆၀ဦး လွှဲပို့ပေးခဲ့ ပြီးဖြစ်တယ်လို့သိရပါတယ်။
 
၎င်းမြန်မာလုပ်သားတွေကို ရနောင်းကနေ တစ်ဆင့် ကော့သောင်း ဘက်သို့ စက်လှေဖြင့် ပို့ဆောင်လွှဲပြောင်းပေးခဲ့ ပြီး ပို့ခံရတဲ့ မြန်မာလုပ်သားတွေထဲမှ စစ်မှုထမ်းအကျုံးဝင်တဲ့အသက်အရွယ် ရှိ လူငယ်တွေကိုစစ်မှုထမ်းဖို့ မြိတ်ရှိစစ်သင်တန်းကျောင်းကိုပို့ဆောင်ခံရသလို မိသားစုဝင်တွေက ငွေကြေးများစွာပေးပြီး ရွေးထုတ်ရတာတွေ လည်း ရှိတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
 
အခုလို စစ်မှုထမ်းအတွက် အဓမ္မခေါ်ဆောင်ခြင်း တွေရှိပေမယ့် ထိုင်းအစိုးရ ဘက်မှလွှဲပြောင်းပေးမှုဟာ ယခုနှစ်အတွင်း ၁၂ကြိမ်ရှိပြီဖြစ်ပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026