NEWS

ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၄၀ ကို စစ်ကော်မရှင်ထံ ထပ်မံလွှဲပြောင်းပေး

CoverLogo
292 Views
 
အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံ အတွင်း ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာလုပ်သား ၁၄၀ ဦးကို ထိုင်းအာဏာပိုင်တွေ က စစ်ကော်မရှင်ထံ သို့ စက်တင်တင်ဘာ ၂၃ရက် နေ့လည်ပိုင်းမှာ ထပ်မံဆောင်ပို့ပေးခဲ့တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
အမျိုးသား ၁၂၂ဦး နဲ့ အမျိုးသမီး ၁၈ဦး တို့ကို ရနောင်းမြို့သက်ဆိုင်ရာဌာများမှတာဝန်ရှိသူတွေနဲ့ ရနောင်းမြို့တာဝန်ခံသံအရာရှိဦးမိုးဇော် တို့ပူးပေါင်းကာ ရနောင်းမြို့ပန်နားရပ်ကွက်ရှိစူလ်ကာကော်လှေဆိပ်မှတစ်ဆင့် မြန်မာပြည်ကော့သောင်းဘက်သို့ထပ်မံပို့ဆောင်ပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
 
ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သားတွေကို စစ်ကောင်စီထံ ပို့ဆောင်ပေးတာမှာယခုစက်တင်ဘာလ အတွင်း ၂ကြိမ်ရှိပြီ ဖြစ်ပြီး စက်တင်ဘာ ၅ရက်က ၁၅၂ဦး ပို့ဆောင်ပေးခဲ့ပါတယ်။
 
"သူတို့ကို ကော့သောင်း မိုးလုံလေလုံအားကစားရုံကို ပို့တယ် ပြီးရင် ပိုက်ဆံနဲ့ ထုတ်တဲ့သူကိုပဲ ချန်ထားခဲ့ပြီး မပေးနိုင်ရင် မြိတ်သင်တန်းကျောင်း ကို ပို့ခံထိတယ် အသက်ငယ်တယ် အရွယ်ကောင်းတွေ ဆို ပိုက်ဆံတအားကုန်တယ် မိန်းကလေးတွေ လူကြီးပိုင်းလောက်ဘဲ ချန်ခဲ့တာ ကိုယ်တွေလည်း ပြန်ရွေးနိုင်လို့ လွတ်လာတာ ထိုင်းနဲ့စစ်ကောင်စီက ပေါင်းပြီး ကျွန်တော်တို့ လုပ်သားတွေ ကို ဒုက္ခမျိုးစုံပေးနေတာ ""လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးကပြောပါတယ်။
 
ထိုင်းဘက်က ပြန်ပို့ လိုက်တဲ့ မြန်မာလုပ်သားတွေကို စစ်ကော်မရှင်က စစ်မှုထမ်းဖို့ အဓမ္မခေါ်ဆောင်နေ တဲ့ အတွက် လူသားချင်းစာနာထောက်ထားပြီး စစ်ကောင်စီထံ ပြန်မလွှဲပေးဖို့ နိုင်ငံတကာရောက် မြန်မာပြည်သူတွေ လူမှုအဖွဲ့စည်းတွေက သက်သေအချက်အလက်တွေ နဲ့ တောင်းဆို ကြပေမယ့် ထိုင်းဘက်မှ လစဉ် ပြန်လည် လွှဲပြောင်းပေးလျက်ရှိပါတယ်။
 
ယခု၂၀၂၅ ခုနှစ် ဇန်နဝါရီ လ မှာ ၁၄၉ ဦး၊ ဖေဖေါ်ဝါရီလမှာ ၂၀၀ဦး၊ မတ်လမှာ၂၅၀ဦး၊ဧပြီလမှာ၂၀၈ဦး၊မေလ မှာ ၈၁ဦး၊ဇွန်လမှာ ၂၂၉ဦး၊ ဇူလိုင်လမှာ၁၆၂ဦး၊ဩဂုတ်လမှာ ၉၉ဦးနဲ့ယခုစက်တင်ဘာလမှာ ၁၉၂ဦး စုစုပေါင်း ၁၆၇၇ ဦး ရှိပြီဖြစ်ပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026