NEWS

ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၉၆ ဦး ကို စစ်ကောင်စီထံ ထပ်မံလွှဲပြောင်းပေး

CoverLogo
520 Views
 
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး တဲ့ မြန်မာနိုင်ငံသား ၉၆ ဦး ဇွန်လ ၃၀ ရက်မှာ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံ ကော့သောင်းဘက် ပြန်ပို့ လိုက်တယ်လို့ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံးထုတ်ပြန်ချက်အရသိရပါတယ်။
 
၂၀၂၅ ခုနှစ် ဇွန်လ အတွင်း ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ် ပြန်ပို့တာ ဟာ ယခုအကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
ဇွန်လ ၂၅ရက်က လည်း မြန်မာနိုင်ငံသား အမျိုးသား ၁၀၄ ဦးနဲ့အမျိုးသမီး၂၇ ဦး တို့ကို မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပို့တာမှာ ရနောင်းခရိုင် လဝက အရာရှိတွေနဲ့ အတူ ရနောင်းတာဝန်ခံမြန်မာအလုပ်သမား သံအရာရှိဦး‌မိုးဇော်ပါ လာရောက် ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
 
အခုလို ပြစ်ဒဏ်ကျခံပြီး လို့ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက စစ်မှုထမ်းဖို့ အဓမ္မ ခေါ်ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ အဓမ္မစစ်မှုထမ်းရန်ခေါ်ဆောင် ရာ ကနေ ထွက်ပြေးလွတ်မြောက်လာသူတွေထံမှသိရပါတယ်။
 
ထိုင်းနိုင်ငံ မှ ပြစ်ဒဏ်ကျခံရပြီးတဲ့ မြန်မာနိုင်ငံသားတွေ ကို နေရပ်ပြန်ပို့တာမှာ ယခု၂၀၂၅ခုနှစ် အတွင်း ၇ကြိမ်ရှိပြီး ပြန်ပို့ခံရသူဦးရေ ၁၁၀၀ ကျော်ရှိကာ အများစုမှာ အမျိုးသား တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026