NEWS

ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ကန်ချနဘူရီ မှတစ်ဆင့် မြန်မာသို့ ပြန်ပို့

CoverLogo
321 Views
 
ထိုင်းနိုင်ငံ အတွင်း မှာ အကြောင်း အမျိုးမျိုးနဲ့ အဖမ်းခံရပြီး ပြစ်ဒဏ် ကျခံ ပြီးတဲ့ မြန်မာနိုင်ငံသား ၁၆၄ဦး ကို ထိုင်းအာဏာ ပိုင်တွေက မြန်မာဘက်သို့ ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ ရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
ဇန်နဝါရီ ၂၀ ရက် မနက်၁၁နာရီ ခန့်မှာ လတ်ယား (Lat Ya) စစ်ကြောင်းမှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကန်ချနဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေး ဌာနတို့ ပူးပေါင်းပြီး နယ်စပ်ကနေတစ်ဆင့် နေရပ်ပြန်ပို့ ခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံသား ၁၆၄ဦးကို ကန်ချနဘူရီခရိုင်၊ သံဖြူဇရပ်လမ်းကြောင်း ဘက်ရှိ စံခလပူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စု၊ အမှတ် (၉) ရပ်ကွက်၊ ဘုရားသုံးဆူကျေးရွာရှိ ကူးသန်းရောင်းဝယ်ရေးဂိတ် (၁၁) က​တစ်ဆင့် မြန်မာ ပြည်ဘက်ကို ပြန်ပို့ ခဲ့တာ လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာပြည်ဘက် ပြန်လည် လွှဲပြောင်းပေးရာမှာ ထိုင်းနိုင်ငံ ရနောင်း ဘက်မှ ရေကြောင်း ကနေ မြန်မာ ပြည် ကော့သောင်း ဘက်ကို ပို့ဆောင်ပေးတာ အများဆုံး ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ခု နှစ်ကပင် အယောက် ၂၀၀၀ကျော် ကို ထိုင်းအာဏာပိုင်တွေက လွဲပို့ပေးခဲ့ပါတယ်။
 
လက်ရှိမှာလည်း ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် လို့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ် လိုလိုရှိနေပြီး လုပ်ငန်း ခွင်တွေမှာလည်း အထောက်အထား မပြည့်စုံဘဲ အလုပ်လုပ်ကိုင်လို့ အဖမ်းခံရတဲ့မြန်မာလုပ်သားတွေ များစွာ ရှိနေကြောင်း ဒေသတွင်းသတင်းတွေအရသိရပါတယ်။
 
Ref-ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026