NEWS

ပဲခူးတိုင်းမှ လာရောက်သည့် မြန်မာ ၃၀ ကျော် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

CoverLogo
445 Views
 
ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် အတွင်း မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးက လာရောက်တဲ့အထောက် အထားမဲ့ မြန်မာလုပ်သား ၃၀ ကျော်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရသိရပါတယ်။
 
အောက်တိုဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်က မဲလမတ်ဒေသ မှာ မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်လာကြောင်း သတင်းရရှိတဲ့ အတွက် သွားရောက်စစ်ဆေးတာမှာ အမျိုးသား ၂၃ ဦးနဲ့အမျိုးသမီး ၈ ဦး ကိုတွေ့ရပြီး နေထိုင်ခွင့်စာရွက်စာတမ်းတွေ မတွေ့ရှိရကြောင်း သိရပါတယ်။
 
၎င်းတို့ဟာ ပဲခူးတိုင်းဒေသကြီး ကနေ တစ်ဆင့် လာရောက်တာဖြစ်ပြီး ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင်လိုတာကြောင့် ဘန်ကောက်တွင် အလုပ်ရှာပေးပြီး တစ်နှစ်အလုပ်လုပ်ခွင့်ရရှိမယ် ဆိုတဲ့ ပွဲစားတစ်ဦးရဲ့ ပြောကြားချက်ကို ယုံကြည်ပြီး တစ်ဦးကို ဘတ်၂၅၀၀၀ ပေးချေကာ ထိုင်းနိုင်ငံသို့ လာရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ ထိုင်းဘက်သို့ မဝင်ရောက်မီ မြ၀တီ ဘက်ခြမ်းတွင် ကိုးရက်ကြာနေထိုင်ခဲ့ရပြီး သောင်းရင်းမြစ်ကိုဖြတ်ကာ ထိုင်းဘက်ခြမ်း ရှိ ကြံခင်း ပြောင်းခင်းများထဲ ပုန်းအောင်းနေစဉ် အခုလို အဖမ်းခံရတာဖြစ်ကြောင်း လမ်းပြပေးသူကတော့ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းမှာဖေါ်ပြထားပါတယ်။
 
လက်ရှိမှာ အဖမ်းခံရသူတွေ ကို မဲလမတ်ရဲစခန်း သို့ပို့ဆောင်ထားပြီး ထိုင်းနိုင်ငံသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်တဲ့ အတွက် ဥပဒေအရ ဆက်လက် အရေးယူသွားမယ်လို့ သိရပါတယ်။
Ref-Tak News

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026