NEWS

ပိတ်ရက်မရှိ၊ အနားယူခွင့်မရဘဲ အခွင့်အရေးချိုးဖောက်ခံနေရလို့ အကူအညီတောင်းခံ

CoverLogo
366 Views
 
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ရွှေလီမြို့ မှာဖွင့်လှစ်ထားတဲ့ HY ဟွေ့ရင်အထည်ချုပ် စက်ရုံမှာ မြန်မာအလုပ်သမား ၃၀၀ ကျော်နဲ့ Travel အမှတ်တံဆိပ်အထည်တွေချုပ်လုပ်နေပြီး နားရက်မပေးဘဲ ခိုင်းစေနေလို့ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားပါတယ်။
 
"အထည်စံချိန် မတရားတောင်းတယ်၊ လူ ၃၀ ရှိတဲ့ စက်လိုင်းကို လိုင်းပေါက်အထည် တနာရီကို ၁၀၀ တောင်းတယ် ၊ တနေ့တာတောင်းတဲ့အထည်စံချိန်မပြည့်ရင် အလုပ်ပိတ်ရက်တွေ ရော ညဘက် အောလင်း အောနိုက် အချိန်ပိုကို အလကားဆင်းပေးရပါတယ်၊ ပိတ်ရက် ကို တလမှာ ၁၊၉၊၁၆၊၂၃ ဆိုပြီးသတ်မှတ်ပေးထားတယ်၊ အဲ့ရက်တွေတခါမှမနားရဘူး အချိန်ပို ဆင်းပေးရတယ်၊ မဆင်းရင် အောစူပါ စူပါတွေက ဆဲဆိုပြီးဆင်းခိုင်း်တယ်။ မဆင်းရင် အငြိုးအတေးထားပြီး အထည်ပိုတောင်းခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အခုလို နားရက်မရှိဘဲ အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်ရတာကြောင့် ကျန်းမာရေးထိခိုက်လာတာတွေရှိတယ်လို့ ဆိုပါတယ်။
 
နေမကောင်းဖြစ်ပြီး အလုပ်နားပါက နားရက်အတွက် ငွေကြေး ဖြတ်တောက်ခ့ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စက်ရုံမပြင်ထွက်ခွင့်မပေးတာကြောင့် အမျိုးသမီးအသုံးအဆောင်ပစ္စည်းနဲ့ ဆေးဝါးတွေ ဝယ်ဖို့ အခက်အခဲဖြစ်ပေါ်နေတာကြောင့် ကူညီဖြေရှင်းပေးဖို့ အလုပ်သမားတွေကအကူအညီတောင်းထားပါတယ်။
 
အလုပ်သမားတွေအနေနဲ့ အောက်ပါ အချက်တွေကို ဖြေရှင်းပေးဖို့ အကူအညီတောင်းခံထားပြီး တောင်းဆိုချက်တွေကတော့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုသာတောင်းခံရန်။
၂။ အလုပ်ရှင်ဘက်က အောစူပါမှ စံချိန်တောင်းခံရာတွင် အော် ဟစ်ဆဲဆိုပြီးဆိုခြင်း မပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှတောင်းခံသော အထည်စံချိန်မရလျင် အောလင်း၊ အောနိုက်အချိန်ပိုအိုတီ အလကား ဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၄။ အလုပ်သမားများ အလုပ်ပိတ်ရက်ကို အချိန်ပိုအိုတီဆင်းခိုင်းခြင်းမပြုလုပ်ဘဲ အလုပ်ရှင်ဘက်မှ ပိတ်ရက် အနားပေးရန် ဖြစ်တယ်လို့ ဆိုပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026