NEWS

ပန်းရောင်ကတ် အတွက် လူသစ်ဘတ်တင်သူများ Website တွင်အမည်စာရင်းတင်မရဖြစ်နေ

CoverLogo
269 Views
 
ထိုင်းအစိုးရမှ အထောက်အထားမဲ့ အလုပ်သမားများအား ဘတ်ခေါ် ပန်းရောင်ကတ် လျှောက်ထားခွင့်ပြုသည့် Website တွင် အောက်တိုဘာ ၁၅ ရက်နေ့တစ်နေ့လုံး အမည်စာရင်းတင်သွင်း မရဖြစ်နေကြောင်း ဘတ်လုပ်ငန်းစဥ်ဝန်ဆောင်မှုပေးနေသောလုပ်ငန်းရှင်များမှသိရပါတယ်။
 
မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများမှထိုင်းနိုင်ငံတွင် အခြေခံအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသူများအား တရားဝင်စေရန်ထုတ်ပေးသည့် ဘတ် ပန်းရောင်ကတ် ပြုလုပ်ပေးတာကို အောက်တိုဘာ ၁၅ ရက်နေ့တွင်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းထိုင်းအစိုးရမှတရားဝင်ကြေညာထားခြင်းဖြစ်ပါတယ်။
 
"မနက်ထဲကကွန်ပျူတာရှေ့မှာအလုပ်သမားဝန်ကြီးဌာနက Website မှာအမည်စာရင်တင်သွင်းဖို့လုပ်တာမရဘူးဖြစ်နေတယ်။၁၅ရက်နေ့ညနေအထိကိုမရသေးတာ။website အသစ်ကဘာမှအံဝင်ဂွင်ကျမဖြစ်သေးဘူး”လို့ဘတ်လုပ်ငန်းစဥ်ဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းရှင်တစ်ဦးမှပြောပါတယ်။
 
လက်ရှိအချိန်တွင်အလုပ်သမားဝန်ကြီးဌာနမှဖွင့်လှစ်ထားသော Website အသစ်သည် ဘတ်ဝန်ဆောင်မှု စာရွက်စာတမ်းဝန်ဆောင်မှုပေးနေသောလုပ်ငန်းရှင်များနှင့်အကျွမ်းတဝင်မဖြစ်သေးသဖြင့်အခက်အခဲများရှိနေသောကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကျန့်အော်ထုတ်ခြင်း ကျန့်ခေါက်ခြင်းများတွင်အခက်အခဲရှိနိုင်သေးသောကြောင့် လတ်တလောအချိန်တွင် အလုပ်ပြောင်းရွှေ့ရန်အခက်အခဲများရှိနိုင်ကြောင်းသိရပါတယ်။
 

Related posts

Cover
မလေးရှား တွင် အော်ပရာစီ ဖမ်းဆီးမှု ပိုဆိုးလာသဖြင့် မြန်မာလုပ်သားများ အထူးဂရုစိုက်နေထိုင်ကျရန် လူမှုအဖွဲ့စည်း များသတိပေး
Jan 31, 2026
Cover
ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းကလေးငယ်များ အထောက်အထားမရှိလည်းကျောင်းတတ်ခွင့်ပေးမည်ဟုဆို
Jan 31, 2026
Cover
စက်ချို့ယွင်းမှုကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေး နိုင်ခြင်းမရှိသေးဟု တိုကျိုရှိ မြန်မာသံရုံး ကြေညာ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026
Cover
ပွဲစားခ ဘတ် ၃သောင်း ခန့်ပေးပြီး နယ်စပ်ဖြတ်ကျော် လာရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ကျော် အဖမ်းခံရ
Jan 29, 2026
Cover
ထိုင်းရောက် ရွှေ့ပြောင်း မြန်မာ လုပ်သားများ ၁၄ရက်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ ဖြင့် အနေထိုင်ဆင်ခြင်သည့် လှုပ်ရှားမှု ပြုလုပ်
Jan 28, 2026
Cover
ယခုလ အတွင်း ကမ္ဘောဒီးယား ကျားဖြန့် မှ မြန်မာနိုင်ငံသား ၅၆၀ ကျော် ပြန်ပို့
Jan 27, 2026
Cover
မလေးရှားမှ ပြစ်ဒဏ်ကျခံ ပြီးသည့် မြန်မာနိုင်ငံသား ၆၀ကျော် ပြန်ပို့ခံရ
Jan 27, 2026