NEWS

ပန်းရောင်ကတ် အတွက် လူသစ်ဘတ်တင်သူများ Website တွင်အမည်စာရင်းတင်မရဖြစ်နေ

CoverLogo
526 Views
 
ထိုင်းအစိုးရမှ အထောက်အထားမဲ့ အလုပ်သမားများအား ဘတ်ခေါ် ပန်းရောင်ကတ် လျှောက်ထားခွင့်ပြုသည့် Website တွင် အောက်တိုဘာ ၁၅ ရက်နေ့တစ်နေ့လုံး အမည်စာရင်းတင်သွင်း မရဖြစ်နေကြောင်း ဘတ်လုပ်ငန်းစဥ်ဝန်ဆောင်မှုပေးနေသောလုပ်ငန်းရှင်များမှသိရပါတယ်။
 
မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများမှထိုင်းနိုင်ငံတွင် အခြေခံအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသူများအား တရားဝင်စေရန်ထုတ်ပေးသည့် ဘတ် ပန်းရောင်ကတ် ပြုလုပ်ပေးတာကို အောက်တိုဘာ ၁၅ ရက်နေ့တွင်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းထိုင်းအစိုးရမှတရားဝင်ကြေညာထားခြင်းဖြစ်ပါတယ်။
 
"မနက်ထဲကကွန်ပျူတာရှေ့မှာအလုပ်သမားဝန်ကြီးဌာနက Website မှာအမည်စာရင်တင်သွင်းဖို့လုပ်တာမရဘူးဖြစ်နေတယ်။၁၅ရက်နေ့ညနေအထိကိုမရသေးတာ။website အသစ်ကဘာမှအံဝင်ဂွင်ကျမဖြစ်သေးဘူး”လို့ဘတ်လုပ်ငန်းစဥ်ဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းရှင်တစ်ဦးမှပြောပါတယ်။
 
လက်ရှိအချိန်တွင်အလုပ်သမားဝန်ကြီးဌာနမှဖွင့်လှစ်ထားသော Website အသစ်သည် ဘတ်ဝန်ဆောင်မှု စာရွက်စာတမ်းဝန်ဆောင်မှုပေးနေသောလုပ်ငန်းရှင်များနှင့်အကျွမ်းတဝင်မဖြစ်သေးသဖြင့်အခက်အခဲများရှိနေသောကြောင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကျန့်အော်ထုတ်ခြင်း ကျန့်ခေါက်ခြင်းများတွင်အခက်အခဲရှိနိုင်သေးသောကြောင့် လတ်တလောအချိန်တွင် အလုပ်ပြောင်းရွှေ့ရန်အခက်အခဲများရှိနိုင်ကြောင်းသိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026