NEWS

ပန်းရောင်ကတ် ဘတ်အသစ် အတွက် ကုန်ကျစရိတ် အစိုးရသတ်မှတ်ဈေးထက် ပြင်ပတွင် ၃ ဆခန့်ပိုပေးနေရ

CoverLogo
508 Views
 
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူတွေကို ပြုလုပ်ပေးတဲ့ အလုပ်လုပ်ခွင့်နဲ့ စာရင်းသွင်း မှတ်ပုံတင်ခြင်းဖြစ်တဲ့ ပန်းရောင်ကတ် နဲ့ work permit အတွက် ကုန်ကျစရိတ်ဟာ ထိုင်းအစိုးရသတ်မှတ်ဈေးထက် ပြင်ပမှာပွဲစားတွေကိုပေးရတဲ့ ဈေးက သုံးဆခန့် ပိုများနေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေထံက သိရပါတယ်။
 
အထောက်အထား စာရွက်စာတမ်း မရှိတဲ့ နိုင်ငံခြားသားလုပ်သားတွေ ကို အောက်တိုဘာလ ၁၅ ရက်ကနေ ၂၉ ရက်အထိ ဘတ်စာရင်းအသစ် တင်နိုင်ဖို့ ထိုင်းအစိုးရက ခွင့်ပြုပေးထားပြီး အဲ့ဒီအထဲမှာ အမည်စာရင်းတင်သွင်းတာ၊ သွေးစစ်တာ၊ ဓါတ်မှန်ရိုက်တာ၊ အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်အတွက် လက်ဗွေနှိပ်၊ မျက်လုံးစကင်ဖတ်တာ၊ ပန်းရောင်ကတ် NON THAI IDENTIFICATION CARD အတွက် ဓါတ်ပုံရိုက်၊ လက်ဗွေနှိပ်တာတွေ ပါဝင်ပါတယ်။
 
၎င်းဘတ်အတွက် ကုန်ကျစရိတ်ကို ၃၇၈၀ ဘတ် ကုန်ကျမယ်လို့ ထိုင်းအစိုးရ က အသိပေးထားပေမယ့် လက်ရှိမှာတော့ ပွဲစားတွေ ကတစ်ဆင့် ပြုလုပ်သူတွေဟာ ဘတ် ၆၀၀၀ ကနေ ဘတ် ၁၂၀၀၀ ကျော် အထိ ပေးနေရတယ်လို့ သိရပါတယ်။
 
အခုလို အစိုးရ သတ်မှတ်ဈေး နဲ့ သုံးဆ ခန့် ကွာဟပေမယ့် မြန်မာအလုပ်သမား အများစုမှာ ဘာသာစကားအခက်ခဲနဲ့ ရုံးတွင်းလုပ်ငန်းစဉ် အဆင့်ဆင့် ပြုလုပ်ရတာတွေကြောင့် ပွဲစားကတစ်ဆင့် ပြုလုပ်တာများတယ်လို့ သိရပါတယ်။
"ဘတ်လုပ်ငန်းစဉ်က အလုပ်သမား ကိုယ်တိုင် လုပ်လိုရပေမယ့် အဓိက က ဘာသာစကား အခက်ခဲကြောင့်ရယ် လုပ်ငန်းစဉ်အဆင့်ကများတာရယ်ကြောင့် မြန်မာလုပ်သားတွေက ကိုယ်တိုင်လုပ်သူနည်းတယ် ပွဲစားက တစ်ဆင့် လုပ်တော့ မြန်တယ် အဆင်ပြေတယ်ဆိုပြီး လုပ်ရာကနေ ဘတ်ရိုက်ရင်ပွဲစားလုပ်မှရသလို ဖြစ်သွားတာ အင်္ဂလိပ်စကားအသင့်တင့်ရတယ် ထိုင်းစကားနားလည်တဲ့သူငယ်ချင်းဘာညာရှိတယ်ဆိုရင် အကူညီတောင်းပြီး ကိုယ်တိုင်လုပ်ကြည့်သင့်တယ် အဲ့လိုဆို ကုန်ကျစရိတ်လည်း သက်သာသလို ပွဲစားအလိမ်ခံရတာ မျိုးလည်းမဖြစ်တော့ဘူးပေါ့"လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။
 
ပွဲစားကတစ်ဆင့် ပြုလုပ်ရာမှာလည်း တစ်ဦးနဲ့တစ်ဦး ကုန်ကျစရိတ် မတူညီဘဲ အချို့ လုပ်သားတွေမှာ work permit အလုပ်လုပ်ကိုင်ခွင့် စာရွက် စာတမ်းနဲ့ ပန်းရောင်ကတ်အသစ် အတွက် ဘတ် ၁၅၀၀၀ ခန့်အထိ ကုန်ကျတာတွေရှိတယ်လို့ သိရပါတယ်။
 
"တစ်ချို့ပွဲစားတွေက သူဌေးရှိရင် ဘတ် ၅၀၀၀ ကျော် သူဌေးမရှိရင် ၆၀၀၀ ကျော်လောက်ပဲပေးရတယ် ပွဲစားအဆင့်ဆင့်ခံသွားရင် ဈေးတွေကများရော တစ်ဆင့်ကို အနည်းဆုံး ဘတ် ၅၀၀ ယူတာကို ဘတ်က လုပ်ငန်းရှင်တွေ လုပ်ပေးလည်းရပေမယ့် သူတို့ ကလည်း ပွဲစားပဲ အပ်တာ ပိုက်ဆံက အလုပ်သမားပေးရတာဆိုတော့ အဲ့တော့ပွဲစားလုပ်သူတွေများလာသလို ဈေးတွေက ကြီးသထက်ကြီးလာတာပေါ့""လို ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်မှာ စတင် ခွင့်ပြုမယ့်ဘတ်အသစ် အတွက် အထောက်အထားမရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ တရားဝင်အထောက်အထားရဖို ကြိုးစားကြရာမှာ ဝန်ဆောင်ခ ဈေးများတာတွေ အကျိုးဆောင်တွေရဲ့ ခေါင်းပုံဖြတ်ခံရတာ တွေကြောင့် ငွေကြေး ကုန်ကျမှုများပြီး အကြပ်တည်းတွေနဲ့ရင်ဆိုင်နေရတယ်လို့ မြန်မာလုပ်သားတွေထံက သိရပါတယ်။
 

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026