NEWS

ပန်းရောင်ကတ်သစ်လုပ်ပေးမယ့် အစီစဉ်မရေရာသေးချိန် ရက်ပေါင်း ၇၀ ကျော်အတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁ သိန်းခွဲကျော်အဖမ်းခံထားရ

CoverLogo
293 Views

ထိုင်းနိုင်ငံ မှာ အထောက်ထားမရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ပန်းရောင်ကတ် လုပ်ပေးမယ့် အစီစဉ် ဟာ လက်ရှိအချိန်ထိ မရေရာ သေးပေးမယ့် ရက်ပေါင်း ၇၀ ကျော်အတွင်း  အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တစ်သိန်းခွဲကျော် အဖမ်းခံထားရတယ်လို့ ထိုင်းနိုင်ငံရှိ အလုပ်သမားအရေးကူညီပေးနေသူတွေထံကသိရပါတယ်။

ထိုင်းနိုင်ငံ အတွင်း ရှိ မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသားတွေ  တရားဝင်အလုပ်သမားအဖြစ် နေထိုင်ခွင့်ရရန်အတွက် အထောက်အထားလက်မှတ် ပန်းရောက်ကတ်ပြုလုပ်ပေးဖို့ ကို ပြီးခဲ့တဲ့ဇွန်လ ပိုင်းကတည်း အာဏာပိုင်တွေဘက်က ပြောခဲ့ပေမယ့် ထိုင်းနိုင်ငံ အတွင်း နိုင်ငံရေး အပြောင်းအလဲတွေကြောင့် လက်ရှိအခြေနေထိ မထူးခြားသေးဘူးလို့သိရပါတယ်။

""ပန်းရောင်ကတ်အသစ်တွေ ရိုက်ပေးမယ့်ကိစ္စက တိုင်ပတ်သွားတယ် ဝန်ကြီးချုပ်အပြောင်းလဲနဲ့အတူ ထိုင်းနိုင်ငံရေးကြောင့်ပါ၊မျှော်လင့်ချက်တော့ရှိတယ်။အရင်သက်ဆင် လက်ထက်မှာ ရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်ထားတွေဆက်တိုက် လုပ်ပေးခဲ့ဖူးတယ် အခုဝန်ကြီးချုပ် အသစ်က သက်ဆင်ရဲ့ သမီး ဖြစ်နေတဲ့ အတွက် ဘတ်အသစ်ရိုက်မယ့်သူတွေအတွက်မျှော်လင့်ချက်တော့ရှိနေတယ်လို့""ထိုင်းရောက်မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ AAC ကိုရဲမင်းက ပြောပါတယ်။

လက်တလောမှာ လည်း ထိုင်းနိုင်ငံ အတွင်း အထောက်အထားမဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ကို ရက်ပေါင်း ၁၂၀ စီမံချက် နဲ့လိုက်လံဖမ်းဆီးတာမှာ ယခုနှစ်ဇွန်လ ၅ ရက်ကနေ ဩဂုတ်လ ၂၂ရက်အထိ  စုစုပေါင်း  (၇၈) ရက်အတွင်း တရားမဝင် နိုင်ငံခြားသားအလုပ်သမားရွှေ့ပြောင်းအလုပ်သမား  ၂၀၈,၀၃၅  ဦး ဖမ်းဆီးရမိကာ မြန်မာအလုပ်သမား ၁၅၅,၆၆၉ ဦးအဖမ်းခံရတယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။

"တစ်ရက်ကို ၂၀၀၀ ကျော်လောက် အဖမ်းခံနေရတဲ့ အနေထားပါ ထိုင်းရောက် မြန်မာတွေ အတွက် အရမ်းကို
ခက်ခဲလွန်းပြီး အသက်ရှုကြပ်စေပါတယ်။ စီမံချက် ရက်ကလည်း နောက်ထပ် ရက်ပေါင်း ၄၀လောက်ကျန်သေးတယ် သတိထားပြီး သံတိုင်တွေကြား မရောက်အောင် ညဘက်ဆို တောထဲ တွေ ရေဆိုးမြောင်းထဲ တွေ ထဲမှာ ဒုက္ခခံပြီး တိမ်းရှောင်နေရတယ်""လို့ ကိုရဲမင်းကဆက်လက်ပြောပါတယ်။

ဒါ့အပြင် အချို့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ မှာ  အနေထိုင်အပြောဆို မတတ်တာတွေကြောင့်
ထိုင်းလူမျိုးတွေက  မြန်မာတွေကို လူမှုကွန်ယက် ကတစ်ဆင့် ကြည့်မရ ဖြစ်လာကာ ဖမ်းဆီးခိုင်းတာတွေ၊ မောင်းထုတ်ခိုင်းတာတွေ  အခုနောက်ပိုင်း ခပ်စိပ်စိပ်ဖြစ်လာလို့ သတိထားနေထိုင်ကြဖို့လည်း  လည်း အလုပ်သမားအရေး အကူအညီပေးသူတွေက သတိပေးပြောဆိုမှုတွေရှိနေပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026