NEWS

ပန်းရောင်ကတ်ပြုလုပ်ရန် သတ်မှတ်ရက်မကြေညာသေးသည့်အတွက် ငွေကြိုတင်ကောက်ယူခြင်းများရှိပါက တိုင်ကြားနိုင်ဟုဆို

CoverLogo
186 Views
 
ထိုင်းနိုင်ငံ အတွင်း အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေ အတွက် ပြုလုပ်ပေးမယ့် ပန်းရောင်ကတ် (ခေါ်)ဘတ် ပြုလုပ်မယ့်ရက်ကို တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးတဲ့ အတွက် ငွေကြေးကြိုတင်ကောက်ယူခြင်းတွေ ပြုလုပ်ပါက တိုင်ကြားနိုင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက် မှာ ထုတ်ပြန်ကြေညာပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အလုပ်သမားတွေအတွက် ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်အသစ် ပြုလုပ်ပေးမှာ ဖြစ်ပေမယ့် မည်သည့် ရက်မှာ ပြုလုပ်မယ်လို့ ကြေညာခြင်း မရှိသေးသလို ငွေကြေးမည်မျှသွင်းရမယ်လို့လည်း သတ်မှတ် ကြေညာခြင်း မရှိသေးဘူးလို့ အသိပေးထားပါတယ်။
 
ဒါကြောင့် ရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ ငွေပေးသွင်းခြင်းနဲ့စာရင်းတင်ခြင်းတွေ မပြုလုပ်ဖို့ အထူးသတိပေးထားပြီး ငွေကြေးကောက်ခံခြင်း လိမ်လည်ခံရခြင်းတွေရှိပါက အလုပ်သမားဝန်ကြီးဌာနရဲ့ Hotline နံပါတ် ၁၅၀၆ သို့ ဖုန်းခေါ်ဆို တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
 
ပန်းရောင်ကတ် နဲ့ပက်သက်တဲ့ အချက်အလက်တွေ ကို အလုပ်သမားဝန်ကြီးဌာနရဲ့ တရားဝင် Facebook စာမျက်နှာ ကနေ ကြေညာပေးမှာဖြစ်ဖို့ စောင့်ကြည့်ကြရန် တိုက်တွန်းထားပါတယ်။
 
ထိုင်းအလုပ်ရှင်တွေ အနေနဲ့ လုပ်သား အရေးတကြီး လိုအပ်ပါက အလုပ်သမားဝန်ကြီးဌာနသို့ ဆက်သွယ်နိုင်ပြီး နယ်စပ်ရှိ မြန်မာအလုပ်သမားတွေကို ခေါ်ယူအသုံးပြုဖို့ ပံ့ပိုးပေးနိုင်ကြောင်း၊အခြားနိုင်ငံတွေ က အစားထိုးလုပ်သားများအတွက်ကိုလဲ ဆောင်ရွက်နေဆဲဖြစ်ပြီး တရားဝင် ထုတ်ပြန်ကြေညာပေးသွားမယ်လို့
ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ကမ္ဘောဒီးယားက ကျားဖြန့်အလုပ်ရုံများသို့ မြန်မာလုပ်သားများ လိမ်လည်ရောင်းစားခံရပြီဒုက္ခရောက်နေ
Dec 25, 2025
Cover
အလုပ်ထုတ်ခံရသည့် ထိုင်းက မြန်မာလုပ်သား ၂၄ဦး ကို ညှိနှိုင်းမှုအရ အလုပ်ရှာစဉ်ကာလ၌ လုပ်အားခရမည်
Dec 25, 2025
Cover
ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို
Dec 25, 2025
Cover
လျှပ်စစ်ပစ္စည်း ထုတ်စက်ရုံမှ မြန်မာလုပ်သား ၄၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရ
Dec 24, 2025
Cover
ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ အလုပ်ရှာဖို့ နယ်စပ်ဖြတ်လာကြတဲ့ မြန်မာ၂၇ဦး အဖမ်းခံရ
Dec 24, 2025
Cover
အကူညီတောင်းခံမှုများအတွက် အခကြေးငွေပေးစရာမလိုကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေး
Dec 24, 2025
Cover
ထိုင်းမှာ ရက် ၂၀ အတွင်း မြန်မာလုပ်သား ၄၉၀၀ ကျော် အဖမ်းခံရ
Dec 23, 2025
Cover
မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ
Dec 22, 2025