NEWS

ပန်းရောင်ကတ်ပြန်ဖွင့်ရန် ပြည်ထဲရေးဝန်ကြီးဌာနစီစစ်နေ

CoverLogo
440 Views
 
ထိုင်းအလုပ်သမားဝန်ကြီး ထရီနုချ် သီယန်သွန်းကပြည်ထဲရေးဝန်ကြီးဌာနသည် လက်ရှိတွင် အချို့သောအလုပ်သမားအုပ်စုတွေရဲ့ နိုင်ငံတကာရေးရာအခြေအနေတွေကို ပြန်လည်စီစစ်သုံးသပ်နေပြီး မကြာခင်မှာအဆင်ပြေပြီးစီးသွားပြီး ဘတ်လုပ်ငန်းစဥ်ပြန်စတင်နိုင်ရန်မျှော်လင့်နေကြောင်းဝန်ကြီးကပြောပါတယ်။
 
အလုပ်သမားဝန်ကြီးက နယ်စပ်မငြိမ်သက်မှုများကြောင့် ထွက်ခွာသွားသော ကမ္ဘောဒီးယားအလုပ်သမားများနေရာတွင် သိရိလက်ာအလုပ်သမားများကိုက်ဆက်လက်ခေါ်ယူသွားမည်ဖြစ်ပြီး အလုပ်သမားမှတ်ပုံတင်ခြင်းကိုလည်းခွင့်ပြုပေးထားကြောင်းဝန်ကြီးကပြောပါတယ်။
 
ထိုင်းနိုင်ငံအတွင်းရှိပြီး ဗီဇာသက်တမ်းကုန်နေသောအလုပ်သမားများအတွက်လည်း သက်တမ်းတိုးပေးခြင်းလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးနေကြောင်းဝန်ကြီးကပြောပါတယ်။
 
လူသစ် ပန်းရောင်ကတ်(ဘတ်)ပြုလုပ်ပေးမယ့် အစီစဉ်ကို အောက်တိုဘာ ၁၅ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ အွန်လိုင်းမှ တစ်ဆင့် စာရင်းပေးသွင်းရန် ထိုင်းအစိုးရဘက်မှကြေညာခဲ့ပေမယ့် အောက်တိုဘာ ၁၆ ရက်မှာတော့ ထိလွယ်ခိုက်လွယ်တဲ့နယ်စပ်ပြသာနာကြောင့် ဆိုကာ ယာယီရက်ရွှေ့ဆိုင်းတယ်လို့ ထိုင်းအလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန က ထုတ်ပြန်ခဲ့ပါတယ်။
 
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းပြီး CI စာအုပ် ထုတ်ပေးရေး လုပ်ငန်းစဉ်ကိုလည်း ဩဂုတ်လ ၆ရက်မှ နိုဝင်ဘာ၆ ရက်အထိ လုပ်ဆောင်ပေးဖို့ မူလက သတ်မှတ်ထားခဲ့ရာ CI စာအုပ်လဲလှယ်မယ့် မြန်မာအလုပ်သမားတွေ အတွက် အချိန်မလုံလောက်တာကြောင့် ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၁ ရက်အထိ ရက်ထပ်တိုးပေးတာဖြစ်တယ်လို့ သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026