NEWS

ပန်းရောင်ကတ်တင်ရန် စောင့်နေသည့်မြန်မာလုပ်သား၁၃၁ဦးမဟာချိုင်တွင်အဖမ်းခံရ

CoverLogo
281 Views
 
ထိုင်းနိုင်ငံစမွတ်စခွန်ခရိုင် ၊မဟာချိုင်နယ်မြေရှိအလုပ်သမားတန်းလျားတစ်ခုမှာ ဘတ် ခေါ် ပန်းရောင်ကတ် တင်ရန်စောင့်နေသောမြန်မာလုပ်သား ၁၃၁ဦးကို အောက်တိုဘာ ၁၆ ရက် ညနေသုံးနာရီမှာထိုင်းအာဏာပိုင် တွေကဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှသိရပါတယ်။
 
အဆိုပါအလုပ်သမားများသည် ထိုင်းနိုင်ငံတွင်တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန် ဘတ် ခေါ် ပန်းရောင်ကတ်ပြုလုပ်ခြင်းအပါအဝင် ပွဲစားကြေးတစ်ဦးလျှင် သိန်း၈၀ခန့်ပေးကာ ထိုင်းနိုင်ငံသို့နယ်စပ်မှတစ်ဆင့်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။
 
"မြန်မာပြည်ကနေ ထိုင်းအရောက် ပန်းရောင်ဘတ် လုပ်ခအပါ တစ်ဦးလျှင် ကျပ်သိန်း ၈၀ ငွေလက်ငင်းပေး
ပြီး ခိုးနေကြရတဲ့ မြန်မာပြည်သား လူဦးရေ (၁၃၁) ဦးကိုထိုင်းအာဏာပိုင်တွေ က ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်"လို့ MHAC မဟာမိတ်အဖွဲ့ ဦးဆောင်တာဝန်ခံကိုရဲမင်းက လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
 
မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံမှထိုင်းနိုင်ငံကို လာရောက်ပြီး အခြေခံအလုပ်သမားအဖြစ် တရားမဝင်လာရောက်လုပ်ကိုင်နေသူများအား တရားဝင်စေရန်ထုတ်ပေးသည့် ဘတ် ၊ပန်းရောင်ကတ်ပြုလုပ်ပေးခြင်းကိုအောက်တိုဘာ ၁၅ ရက်နေ့စတင်မည်ဖြစ်ကြောင်းထိုင်းအစိုးရမှကြေညာပြီးနောက် အောက်တိုဘာ၁၆ရက်တွင် ထိလွယ်ခိုက်လွယ်တဲ့ နယ်စပ်ပြသနာကြောင့် ဘတ် ခေါ် ပန်းရောင်ကတ်ပြုလုပ်ခြင်းကိုယာယီရွှေ့ဆိုင်းကြောင်းကြေညာပြိီး ညနေတွင် မြန်မာအလုပ်သမားများဝင်ရောက်အဖမ်းအဆီးခံရခြင်းဖြစ်ကြောင်းသိရပါတယ်။
 

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026