NEWS

ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်

CoverLogo
262 Views
 
မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်နေရတဲ့ ပြည်သူတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေထိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီပံပိုး ရန် လူသားချင်းစာနာမှု အကူညီအဖြစ် ယူရို ၆၃သန်းကို ထောက်ပံမယ်လို့ ကြေညာပါတယ်။
 
မြန်မာနိုင်ငံအတွက် ယူရို ၃၈ဒသမ၆သန်းကို စားနပ်ရိက္ခာမလုံလောက်မှု အတွက် အရေးပေါ် အာဟာရပံပိုးမှု ၊နေရပ်စွန့်ခွာသူတွေ အတွက် အမိုးအကာထောက်ပံမှု၊သန့်ရှင်းသောရေနဲ့အညစ်ကြေးစွန့်ပစ်ရေးစနစ် ၊ကျန်းမာရေးဝန်ဆောင်မှုနဲ့မြေမြုပ်မိုင်းအန္တရာယ် အသိပညာပေးရေးနဲ့အရေးပေါ်ပညာရေး ကဏ္ဍ တွေမှာ အသုံးပြုမယ်လို့ သိရပါတယ်။
 
နောက်ထပ် ယူရို ၂၃.၄ သန်းကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရွှေ့ပြောင်းသွားတဲ့ ဒုက္ခသည် ၁.၂ သန်းနီးပါးနဲ့​ေးသခံလူထုတွေကို စားနပ်ရိက္ခာ အာဟာရ၊နေထိုင်ဖို့ အမိုးအကာ စတာတွေပါဝင်တဲ့ အသက်ကယ် အကူအညီတွေ ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မြန်မာ့အရေးကြောင့် အိမ်နီးချင်း နိုင်ငံ တွေလည်း သက်ရောက်မှုရှိတဲ့ အတွက် အိန္ဒိယ၊အင်ဒိုနီးရှား၊မလေးရှား၊နဲ့ ထိုင်းနိုင်ငံတို့မှာ နေထိုင်လျက်ရှိတဲ့ နေရပ်အိုးအိမ်စွန့်ခွာလာကြတဲ့ ဒုက္ခသည်တွေနဲ့ လက်ခံကူညီပေးတဲ့ ဒေသခံတွေ အတွက် ယူရို၁သန်း ထပ်ဆောင်း ကူညီပေးသွားမယ်လို့သိရပါတယ်။
 
ဥရောပသမဂ္ဂ(EU) က ပေးအပ်မဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေအားလုံးကို နိုင်ငံတကာ NGO တွေနဲ့ ကုလသမဂ္ဂ(UN) အေဂျင်စီတွေလို မိတ်ဖက်အဖွဲ့အစည်းတွေကတစ်ဆင့် ပေးပို့သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026