ထိုင်းအစိုးရ အနေဖြင့် အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သားများ၊ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား တွေ ကို ဖမ်းဆီး ပြစ်ဒဏ်ပေးပြီးပါက အကြမ်းဖက် စစ်ကောင်စီထံ ပြန်ပို့တာ မပြုလုပ်ဖို့ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ တိုင်းရင်းသားအဖွဲ့စည်းတွေထံ သို့သာ လွှဲပြောင်းပေးဖို့ CRPH ကော်မတီ ကတောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံအောက်လွှတ်တော် မှာမတ်လ ၂၂ရက်နဲ့၂၃ရက်က ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နယ်စပ်တလျှောက် လုံခြုံရေးမြှင့်တင်ရေးနှင့်ငြိမ်းချမ်းရေးတည်ဆောက်ခြင်း အခန်းကဏဆွေးနွေးပွဲ ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
၎င်းဆွေးနွေးပွဲ မှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေ အတွက် အချက်နှစ်ချက်ကို ထည့်သွင်းအရေးပေး တောင်းဆိုခဲ့တယ်လို့ သိရပါတယ် ။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့်အတွက် ပြန်လည်သက်တမ်းတိုးရာမှာ အကြမ်းဖက်စစ်ကောင်စီထံ အခွန်မပေးဆောင်ရေး နဲ့တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူ တွေ ကို အကြမ်းဖက်စစ်တပ်ထံသို့ ပြန်လည်ပို့ဆောင်နေမှု ဟာ ၎င်းတို့ရဲ့ လူ့အခွင့်အရေးကိုသာမက အသက်အန္တရာယ် ကိုပါ စိုးရိမ်ရတဲ့အတွက် ယင်းကဲ့သို့လုပ်ဆောင်နေမှုကို ချက်ချင်းရပ်တန့်ပေးနိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။
အကယ်၍မဖြစ်မနေပြန်ပို့ရန် လိုအပ်ပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ နဲ့ တိုင်းရင်သားအဖွဲ့အစည်း များထံသို့သာ လွှဲပြောင်းပေးခြင်းဖြင့် မြန်မာပြည်သူများအား အသက်အန္တရာယ်ထိခိုက်မှုမှ ကာ ကွယ်ပေးရန်” တို့ကို ထည့်သွင်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲ ကို မြန်မာနိုင်ငံ မှ တိုင်းရင်းသားအဖွဲ့စည်းများ၊ လူ့အခွင့်ရေးအဖွဲ့စည်းများ၊ အရပ်ဖက်အဖွဲ့စည်းများ မှကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံ များ မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ၊ နိင်ငံတကာအဖွဲ့စည်းများ မှပုဂ္ဂိုလ် တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။