NEWS

နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အတွင်း မိုးကြီးပြီး လေပြင်းတိုက်နိုင်ဟု အထူးမိုးလေဝသသတင်းထုတ်ပြန်

CoverLogo
549 Views

လာမယ့် နိုဝင်ဘာ ၆ ရက်မှ ၈ရက် အတွင်း ဒေသ အလိုက် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်း တွေ ဖြစ်ပေါ်နိုင်တယ်လ်ု့ နိုဝင်ဘာ ၄ ရက် ညပိုင်းမှာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က အထူးမိုးလေဝသ သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ်  တိုင်းထွာချက် တွေ အရ တောင်တရုတ်ပင်လယ်ပြင်မှ ရွေ့လျားလာတဲ့  လေပွေလှိုင်းတွေ ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာမယ်လို့ဆိုပါတယ်။

ဒါကြောင့် နိုဝင်ဘာ ၆ရက်ကနေ ၈ရက် အတွင်း  ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသ တွေ မှာ  ဒေသ အလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့  သဘာဝဘေးအန္တရာယ် တွေ  ဖြစ်ပေါ်နိုင်တဲ့ အတွက် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး  နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုကိုကြိုတင်သတိပြုရှောင်ရှားရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားပါတယ်။


Related posts

Cover
ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်ပြီး ရန်ကုန်မြို့နေပြည်သူတွေ သုံးရေ အခက်ကြုံနေ
Mar 31, 2025
Cover
ငလျင်ကြောင့် မန္တလေး တက္ကသိုလ်  ပြိုကျပြီး မီးလောင်မှု ဖြစ်ပွားနေ
Mar 28, 2025
Cover
မြန်မာနိုင်ငံတစ်ဝှမ်း အင်အားပြင်း ငလျင် လှုပ်ခတ်မှုဖြစ်ပွား  ပျက်စီးဆုံးရှုံးမှု များပြားနိုင်
Mar 28, 2025
Cover
ပြင်းအား ၅ဒသမ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင် ၃ ကြိမ်ထပ်မံလှုပ်ခတ်
Mar 05, 2025
Cover
မတ်လ ၁၀ ရက်အတွင်း နေ့အပူချိန် ၄၀°C အထက် ထိ  မြင့်တက်လာနိုင်
Mar 04, 2025
Cover
ရန်ကုန်မြို့တွင် မြေငလျင် သိသိသာသာ လှုပ်ခတ်ခဲ့
Mar 04, 2025
Cover
ဖေဖေါ်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့ တို့တွင် မြူဆိုင်းမည့် ရာသီဥတုအခြေအနေ ဖြစ်ပေါ် နိုင်သဖြင့် အမြန်လမ်းအပါအဝင် လေယာဉ်နှင့် သင်္ဘောများ သတိထားသွားလာရန်လိုအပ်ဟုဆို
Feb 05, 2025
Cover
ရန်ကုန်ဟာ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့စာရင်းမှာအဆင့်(၂)အဖြစ်ရောက်ရှိလာ
Feb 05, 2025