NEWS

နိုင်ငံပြင်ပတွင် ကလေးမွေးဖွားပါက မှတ်ပုံတင်ရန် တိုကျိုရှိ မြန်မာသံရုံးထုတ်ပြန်

CoverLogo
97 Views
 
မြန်မာနိုင်ငံသား မိဘ တွေကနေ နိုင်ငံပြင်ပမာ ကလေး မွေးဖွားပါက မွေးဖွားကြောင်း မှတ်ပုံတင်ဖို့ လိုအပ်တဲ့ အထောက်အထားအချက်အလက်တွေကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ မြန်မာသံရုံးက ဇူလိုင်၁၀ ရက် မှာ ထုတ်ပြန်ပါတယ်။
 
နိုင်ငံ ပြင်ပမှာ မွေးဖွားတဲ့ ကလေးတွေ အတွက် မွေးဖွားကြောင်း မှတ်ပုံတင်ခြင်း ကို မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ အညီ မွေးဖွားပြီး တစ်နှစ်အတွင်း မြန်မာသံရုံးမှတစ်ဆင့် မှတ်ပုံတင် ခြင်းကို ဦးစွာလျှောက်ထား ဆောင်ရွက်ရမယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
 
ထိုသို့ မှတ်ပုံတင်ဆောင်ရွက်ရာ မှာလည်း မြန်မာနိုင်ငံသား မိဘနှစ်ပါး မှာ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ များဖြစ်ရန်လိုအပ် တယ်လို့ ဆိုပါတယ်။
 
မိဘများ မှာ အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား ကိုင်ဆောင်သူများဖြစ်ပါက နိုင်ငံသား စိစစ်ရေးကတ်ပြား ကို ဥပဒေနှင့်အညီ လဲလှယ်ကိုင်ဆောင်ပြီးမှသာ ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
 
နိုင်ငံတော်ပြင်ပ မှာ ကလေးမွေးဖွားကြောင်းကို မြန်မာသံရုံးမှတဆင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မှာ မှတ်ပုံတင်ပြီးမှသာ ကလေးများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ မြန်မာ သံရုံး က ကြေညာထားပါတယ်။

Related posts

Cover
ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၂၀၀ ကျော်ကို စစ်ကောင်စီထံပြန်ပို့
Aug 01, 2025
Cover
မလေးရှားသွားမည့် မြန်မာလုပ်သား၄၀ ကျော် ထိုင်းတွင် အဖမ်းခံရ
Jul 30, 2025
Cover
ဂျပန်ရောက် မြန်မာတွေ ဆူနာမီသတိပေးချက်ကို အလေးထားနားစွင့်ဖို့ အသိပေး
Jul 30, 2025
Cover
ထိုးကြိတ်ခံရသည့် မြန်မာအလုပ်သမားကို ထိုင်းအမျိုးသားက ဘတ်ငါးသောင်းလျော်ကြေးပေးကာ ပြန်လည်တောင်းပန်သွားမည်ဟုဆို
Jul 30, 2025
Cover
ထိုးကြိတ်နှိပ်စက်ခံရသော မြန်မာနိုင်ငံသားအမှု M.H.A.C ကူညီပေးမည်
Jul 28, 2025
Cover
မတရားအလုပ်ထုတ်ခံရပြီးနောက် မြန်မာအလုပ် သမား ၁၀၀ ကျော်အတွက်လုပ်အားခ ဘတ် ၁.၂၃ သန်းကျော် ပြန်လည်ရရှိ
Jul 28, 2025
Cover
မလေးရှားရှိ နိုင်ငံခြားသား လုပ်သားတွေ အတွက် အနည်းဆုံးလုပ်ခ တစ်လ ရင်းဂစ် ၁၇၀၀ သတ်မှတ်
Jul 28, 2025
Cover
ထိုင်းရောက် မြန်မာနိုင်ငံသားတွေ လုံခြုံရေး သတိပြုဖို့ မြန်မာသံရုံး ထုတ်ပြန်
Jul 25, 2025