NEWS

နိုင်ငံခြားသားလုပ်သားများထံမှ ပန်းရောင်ကတ် လုပ်ခပိုတောင်းသည့် ထိုင်းအရာရှိဖမ်းဆီးခံရ

CoverLogo
392 Views
 
နိုင်ငံခြားသား လုပ်သားတွေဆီက ပန်းရောင်ကတ် ပြုလုပ်တဲ့ ကုန်ကျငွေကို ပိုမိုတောင်းခံတဲ့ ချင်းမိုင်ခရိုင်၊ ဆန်ဆိုင်းခရိုင်မှူးကို အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC)က ဖမ်းဆီးစစ်ဆေးလျက်ရှိတယ်လို့ NACC ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုင်ငံခြားသား လုပ်သားတွေ ကို ပန်းရောင်ကတ် ထုတ်ပေးဖို့ အတွက် ထိုင်းအစိုးရမှသတ်မှတ်ကုန်ကျစရိတ်မှာ ဘတ် ၆၀နဲ့ နိုင်ငံခြားသားမှတ်တမ်းအကျဉ်းချုပ် မိတ္တူကူးယူခြင်း အတွက် ဘတ်၂၀ စုစုပေါင်း ဘတ် ၈၀သာ ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။
 
၄င်းခရိုင်မှူးဟာ နိုင်ငံခြားသား လုပ်သားတွေ ထံ ကနေ ပန်းရောင်ကတ်ပြုလုပ်ခ တစ်ဦး ကို ဘတ်၂၀၀ တောင်းခံပြီး တောင်းခံတဲ့ပမာဏ အတိုင်းမပေးပါက အလုပ်သမားတွေကို ပြုလုပ်မပေးဘဲချန်ထားခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို နိုင်ငံခြားသားလုပ်သားတွေအပေါ် အဂတိ လိုက်စားနေတဲ့ ခရိုင်မှူးကို နိုင်ငံခြားသားအလုပ်သမား အကျိုးဆောင်တစ်ဦးက NACC ထံ တိုင်ကြားခဲ့တာလို့ သိရပါတယ်။
 
၄င်းရဲ့ တိုင်ကြားမှုအရ ခရိုင်မှူးဟာ ၂၀၂၃ ခုနှစ် အစောပိုင်း ရာထူးရပြီးကတည်းက အခုလို ပန်းရောင်ကတ်ဖိုး ကို ပိုမိုကောက်ယူနေတာဖြစ်ပြီး စုစုပေါင်း ကောက်ယူထားတဲ့ငွေဘတ်၂ ဒသမ ၄သန်း ကနေ ၃ ဒသမ၆သန်း အထိ ရရှိခဲ့တယ်လို့ ခန့်မှန်းကြောင်း NACCရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
ချင်းမိုင်ခရိုင် ဆန်ဆိုင်းမှာ နိုင်ငံခြားသားလုပ်သား ၁၀၀၀ ကျော် နေ့စဉ် မှတ်ပုံတင် လျှောက်ထားကြပြီး နိုင်ငံခြားသား အလုပ်သမား အကျိုးဆောင် ပေးတဲ့သူဦးရေ ၁၀၀ ကျော်ရှိကာ အခုလို သတ်မှတ်ပမာဏထက် ဘတ်၁၂၀ ကောက်ယူနေတာကို အားလုံးသိကြတယ်လို့ ဆိုပါတယ်။
NACC အနေနဲ့ ယခုတိုင်ကြားမှု ကို သေချာစုံစမ်းစစ်ဆေးပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာထားပါတယ်။
Ref-Chiangmai News

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026