NEWS

နိုင်ငံခြားသားများ အလုပ်လုပ်၊ ဈေးရောင်းခြင်းများ ပြုလုပ်ပါက ပြည်နှင်မည်ဟု ထိုင်းဝန်ကြီး ပြောဆို

CoverLogo
240 Views
 
မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားလုပ်သားတွေ အနေနဲ့ ထိုင်းနိုင်ငံ အတွင်း အလည်ဗီဇာနဲ့ နေထိုင်ပြီး အလုပ် လုပ်ကိုင်တာ၊ အွန်လိုင်း ဈေးရောင်းတာတွေ စစ်ဆေးတွေ့ရှိပါက ပြည်နှင်ဒဏ်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
 
အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိဘဲ အွန်လိုင်းကနေ Live လွှင့် ဈေးရောင်းတာကို စစ်ဆေးတွေ့ရှိပါက ဘတ် ၅,၀၀၀ ကနေ ဘတ် ၅၀,၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမယ့် အပြင် အလုပ်လုပ်ကိုင်ခွင့် ၂ နှစ် ပိတ်သိမ်းကာ နေရပ်သို့ ပြန်လည်ပို့မယ်
လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၁၂ရက် က ဘန်ကောက်မြို့ရှိ ကုန်တိုက်တစ်ခုမှာ အလည်ဗီဇာ ကိုင်ဆောင်ပြီး liveလွှင့် ဈေးရောင်းချနေတဲ့ တရုတ်နိုင်ငံသား ၁၃ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
အဲဒီ တရုတ်နိုင်ငံသား တွေ ကို ထိုင်းဥပဒေအရ အရေးယူပြီးစီးတာနဲ့ ဗီဇာပိတ်သိမ်းပြီး နေရပ်နိုင်ငံဆီ ပြန်လည်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
 
အလုပ်လုပ်ကိုင်ခွင့် ပါမစ်မရှိတဲ့ အလုပ်သမားတွေကို ငှားရမ်းခိုင်းစေတဲ့ အလုပ်ရှင်ကိုလည်း ဘတ် ၁၀,၀၀၀ ကနေ ဘတ် ၁၀၀,၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပြီး အလုပ်သမား ငှားရမ်းခွင့် ၃ နှစ် ပိတ်သိမ်း ခံရမယ်လို့လည်း ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။
 
ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းအမျိုးစားတွေကို နိုင်ငံခြားသား အလုပ်သမားတွေ ဝင်ရောက် လုပ်ကိုင်မှု မရှိဖို့ စစ်ဆေးတာတွေ အရှိန် တိုးမြှင့်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။

Related posts

Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့ ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင်
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု
Oct 02, 2025
Cover
မဲခလောင်မြစ် အတွင်း လေးနာရီကြာမျောပါနေတဲ့(ရုပ်သံသတင်း) ထိုင်းအမျိုးသမီးကို မြန်မာလုပ်သားတစ်ဦးကယ်တင် (ရုပ်သံသတင်း)
Oct 02, 2025
Cover
နယ်စပ်ဒုက္ခသည်စခန်းများမှ မြန်မာစစ်ရှောင် ၁၂၀၀၀ ကျော်ကို ပထမဆုံး အလုပ်လုပ်ခွင့်ပြု(ရုပ်သံ)
Oct 02, 2025
Cover
အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄၅၀ ဦးကို အလုပ်ထုတ်နစ်နာကြေးအပြင်ဂရုဏာကြေး ဘတ်တစ်သောင်းပေးမည်ဟုဆို
Oct 01, 2025
Cover
မြန်မာလုပ်သား ၁၅၀၀ ခန့်ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ဖြုတ်
Oct 01, 2025
Cover
ရနောင်း-ရန်ကုန် ကုန်ပစ္စည်းတင်းသွင်း၊ တင်ပို့မှုကို အောက်တိုဘာ ၁ ရက်မှစပြီး MACCS စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်
Oct 01, 2025