NEWS

နိုင်ငံကူးလက်မှတ် QR Code တစ်လခန့်ကြာသည်အထိ တင်မရသေး

CoverLogo
426 Views
 
မြန်မာနိုင်ငံကူးလက်မှတ်ရုံးတွေမှာ တစ်လနီးပါးကြာတဲ့အထိ QR Code တင်ခွင့်မရသေးဘူးလို ဝန်ဆောင်မှုပေးနေသူတွေက ပြောပါတယ်။ မတ်လ၂၈ရက်က အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် တာဝါတိုင်တွေ ပျက်ဆီးခဲ့တယ်ဆိုပြီး QR Code ထုတ်ပေးတာတွေ ရပ်တန့်နေတာ ဖြစ်ပါတယ်။
 
"ငလျင်လှုပ်ပြီး ၂ရက် လောက်က တင်လို ရသေးတယ် ။ နောက်ရက်တွေမှာ လုံးဝတင်မရတော့ဘူး ။ အခုအထိပဲ ။ ဘယ်တော့ ရမယ်လဲ မသိရဘူး။ ပြည်ပထွက်မှာ စိုးလို့ တမင် ပိတ်ထားသလားလို့ တွေးမိတယ်။ ပြန်တင်လိုရရင်တော့ စုပြုံပြီး တင်ကျမှာ။ ပတ်စပိုစာအုပ် တင်ဖို စောင့်နေသူတွေ များတယ်"လို့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူ တစ်ဦးက ပြောပါတယ်။
 
နိုင်ငံကူးလက်မှတ်အတွက် ရက်ကို ကြိုတင် ရက်ချိန်းရယူရတဲ့ QR Code ကို အွန်လိုင်းကတစ်ဆင့် ပြုလုပ်ရတာဖြစ်ပါတယ်။ QR code မှာ နိုင်ငံကူးလက်မှတ်ရုံးမှာ လျှောက်ထားရမဲ့ ချိန်းဆိုတဲ့ နေ့ရက်ပါဝင်ပြီး အဲ့ဒီရက်မှာ လျှောက်ထားသူက သက်ဆိုင်ရာ ရုံးကို သွားရောက်မှာ ဖြစ်ပါတယ်။
 
လက်ရှိ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့် QR code ရက်ချိန်း ယူမရပေမယ့် ကျန်းမာရေး၊ပညာရေးစတဲ့ အရေးပေါ် ကိစ္စရှိသူတွေ အတွက် Green Channel အစီစဉ်နဲ့ ဆောင်ရွက်ပေးနေတယ်လို စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲက မီဒီယာတချို့ကို ဖြေကြားထားပါတယ်။
 
မြန်မာနိုင်ငံကူးလက်မှတ်ရုံးတွေမှာ ကြိုတင်ရက်ချိန်းကို ဇွန်လ အထိ ပေးထားပြိး ဖြစ်တယ်လို သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026