NEWS

နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပထွက်ခွာမှုကို ရန်ကုန်လေဆိပ်တွင် တင်းကျပ်​စွာစိစစ်​နေ

CoverLogo
830 Views

နိုင်ငံကူးလက်မှတ် PV - passport for visit  နဲ့ ပြည်ပကို ထွက်ခွာသူတွေကို ရန်ကုန်လေဆိပ်မှာ အလွန်စိစစ်တင်းကျပ်နေပြီး ထွက်ခွာခွင့်မရသူတွေ လည်းရှိတယ်လို့ ကိုယ်တွေ့ကြုံရသူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး  စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့အလုပ်လုပ်ရန်ထွက်ခွာမှုတွေကို  တင်းတင်းကျပ်ကျပ်စိစစ်ရန် ညွှန်ကြားမှုများ  ထွက်ပေါ်လာပြီးနောက် ရန်ကုန်လေဆိပ်မှာ PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေကို စိစစ်မှုတွေ တင်းကျပ်ခဲ့ ပြီး သတ်မှတ် ထားတဲ့ အချက်အလက်မပြည့်စုံပါက ပြန်လွှတ်ခံရသူတွေ များစွာရှိတယ်လို့ ဆိုပါတယ်။

""အခု ရက်ပိုင်း အများဆုံး ဖြစ်နေတာက စင်္ကာပူ ကို အလည်နဲ့ အိမ်အကူ အလုပ်နဲ့ သွားလုပ်မယ့်သူတွေ ဒူဘိုင်းတို့ကို အလည် နဲ့ သွားပြီး အလုပ်လုပ်မယ့်သူတွေ လေဆိပ်ကနေပြန်လာရတာများတယ် ဒါက ဒီဘက်ကနေ အလည်နဲ့အထွက်ပြပြီးတစ်ဖက် မှာ အလုပ်သွားလုပ်ကြတာ အရင်ကတော့ သွားနေကျတာပဲ အခုရန်ကုန်လေဆိပ် စိစစ်တာတွေ အရမ်းကျပ်ပြီး လဝက က ပြန်လွှတ်တာတွေလုပ်လာတာ တကယ် ပြည်ပကို အလည်ထွက်မယ့် သူတွေ တောင် သူတို့ သက်မှတ်ထားတဲ့ Show money တွေ အခြားအချက်အလက်တွေ ပြရတယ်""လို့ ပြည်ပ အလုပ်အကိုင်အေဂျင်စီ မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်ပကို PV နိုင်ငံကူးလက်မှတ်နဲ့ ထွက်ခွာမယ် ဆိုပါက UIDကတ်၊ လေယာဉ်လက်မှတ်အသွားအပြန်၊Show money US ဒေါ်လာ ၅၀၀ခန့်၊ တစ်ဖက်နိုင်ငံ တွင်တည်းခိုမယ့် ဟိုတယ်သို့မဟုတ် အသိနေအိမ် စတဲ့ အချက်အလက် တွေ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ပကို PJ နိုင်ငံကူးလက်မှတ်နဲ့ တရားဝင် အလုပ်သွားရောက်သူတွေ ကိုလည်း OWIC ကတ် ပါရှိ မှုရှိမရှိကို သေချာစိစစ်ပြီး  အသက်ကန့်သက်ချက်ဖြစ်တဲ့ အသက်၂၃မှ ၃၁ကြားရှိ အမျိုးသားတွေ ကို ထွက်ခွင့်မပြုဘူးလို့ သိရပါတယ်။

ဒါ့အပြင် PJ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပမှ အလည် ပြန်လာပြီး ခွင့်ရက်ပြည့် လို့ ပြန်သွားမယ့်သူတွေ ကို လည်း စိစစ်မှုတွေ တင်းကျပ်လျက်ရှိပြီး အသက်ကန့်သက်ချက်ထဲပါဝင်တဲ့ အမျိုးသားတွေ ဖြစ်ပါက ပြည်ပကို ထွက်ခွင့်မပြုတာတွေရှိနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထံ က သိရပါတယ်။

Photo-ရန်ကုန်​လေဆိပ်


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026