NEWS

နိုင်ငံကူးလက်မှတ် (PJ) မှ  (PV) သို့ပြောင်းလဲမှု ကျပ် ၁၀ သိန်းအထက် ဈေးပေါက်၊ အလည်အပတ်(PV) ဖြင့်ထွက်ခွာလုပ်ကိုင်နေမှုများတားဆီးမယ်လို့ စစ်ကောင်စီဆို

CoverLogo
392 Views

ပြည်ပနိုင်ငံများသို့သွားရောက်လုပ်ကိုင်လိုသူများကို   အသက်အရွယ်ကန့်သတ်လိုက်ရာမှ နိုင်ငံကူးလက်မှတ် (PJ) မှ  (PV) သိပြောင်းလဲပြီး ထွက်ခွာမှုတွေမြင့်တက်လာခဲ့ရာ (PV) ဖြင့်သွားရောက်လုပ်ကိုင်မှုများကိုပါ တားဆီးမယ်လို့   စစ်ကောင်စီကပြောဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ 

ပြည်ပအလုပ်လုပ်နိုင်တဲ့လူကို အသက်အရွယ်ပိုင်းခြားထားတော့  ကန့်သတ်လိုက်တဲ့အရွယ်ထဲမှာပါနေတဲ့ လူငယ်တွေက အလုပ်အကိုင်နဲ့မထွက်ဘဲအလည်ပတ်နဲ့ထွက်ဖို့ (PJ) ကေန(PV)ကိုချိန်းတာတွေများလာတယ်။ ပွဲစားဈေးတွေကလည်းများလတယ်။ ခုတခါ စစ်ကောင်စီက (PJ) မှ  (PV)ချိန်းတာကိုခွင့်မပြုပေးတော့ဘူးဆို တော့  အောက်လမ်းဈေးတွေက ၁၀သိန်းအထက်အထိဖြစ်လာတော့ ဒီအပေါ်ကိုထိန်းချုပ်ဖို့လို့ထင်ပါတယ်လို့  ပြည်ပသို့အလုပ်သမားစေလွှတ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကဆိုပါတယ်။  

နိုင်ငံကူးလက်မှတ် အလည်အပတ်(PV) ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကို မဖြစ်မနေ တားဆီးမှာဖြစ်သလို  ပြည်ပနိုင်ငံများသို့အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတွေအနေနဲ့  အလုပ်သမားတွေရဲ့ လစဉ် ၂၅ ရာခိုင်နှုန်းမိသားစုထံပြန်လွှဲမှုရှိမရှိကိုလည်း အထူးကြပ်မတ်ဆောင်ရွက်မှာဖြစ်တယ်လို့   ဇူလိုင်လ ၆ ရက်နေ့ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး မြင့်နောင်နဲ့မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌ၊ အေဂျင်စီများ ရန်ကုန် Melia Hotel မှာ  တွေ့ဆုံစဉ် စစ်ကောင်စီဘက်က ပြောဆိုလာခြင်းဖြစ်တယ်လို့ သိရပါတယ်။  

"အဓိကတော့  PJ မဟုတ်ဘဲ PV နဲ့ အလုပ်ထွက်လုပ်နေတာတွေကို ရအောင်ပိတ်မယ်။ နောက်တစ်ချက်က အလုပ်သမားတွေလစာရဲ့၂၅ရာခိုင်နှုန်းကို တရား၀င်ဘဏ်တွေကနေ  မဖြစ်မနေပေးပို့ဖို့ ဒါကတော့ဟွန်ဒီငွေလွှဲတွေကိုနှိမ်နင်းမယ်ပေါ့ အဲ့ဒါကိုပဲအဓိကပြောတာပါပဲ အဲဒီနှစ်ချက်ကို အလေးပေးပြီးပြောတယ်"လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားများအနေနဲ့ရော  ခုမှစတင်ထွက်ခွာသွားရောက်လုပ်ကိုင်ကြမဲ့ အလုပ်သမားများကို ပြည်ပမထွက်ခွာမီ လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့ စစ်ကောင်စီ၏ ဘဏ်များမှတစ်ဆင့်ပေးဖို့နဲ့နှစ်ရာခိုင်နှုန်းအခွန်ပေးဆောင်ရမဲ့အကြောင်းကို   စာချုပ်ထဲမှာမဖြစ်မနေထည့်သွင်းကာ စာချုပ်မှာလက်မှတ်ရေးထိုးဖို့  အေဂျင်စီများကို စစ်ကောင်စီကဖိအားပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။  

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများ၊  အလုပ်အကိုင်ရှားပါးမှုနဲ့ပြည်တွင်းမှာလုပ်ခလစာတိုးမြင့်မှုမရှိတာတွေကြောင့်  ပြည်ပနိုင်ငံများသို့ ထွက်ခွာလုပ်ကိုင်မှုပိုမိုများပြားလာရာ  ထိုင်း၊ မလေေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား စတဲ့နိုင်ငံတွေဆီထွက်ခွာမှုတွေမြင့်တက်လာတယ်လို့ သိရပါတယ်။  

အဲ့ဒီလိုထွက်ခွာလုပ်ကိုင်ရာမှာလည်း စစ်ကောင်စီက စစ်မှုထမ်းရန်အမိန့်ထုတ်ပြန်ပြီးနောက်  ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်မှုကိုလည်း  အသက် ၂၃ နှစ်မှ ၃၂ နှစ်အတွင်း အမျိုးသားများအားလုံးကို အလုပ်အကိုင် နိုင်ငံကူးလက်မှတ် PJ ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့်မပြုဘဲကန့်သတ်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
  
အဲ့ဒီနောက် (Passport for Job-PJ) မှ (Passport for Visit-PV )သို့ ပြောင်းလဲထွက်ခွာမှုတွေမြင့်တက်လာရာ ပြည်ပထွက်ခွာလိုသူအချို့က (PJ) မှ  (PV)သို့ ပြောင်းလဲလျှောက်ထားမှုတွေကိုပါ ပြီးခဲ့တဲ့လ ဇွန်၆ရက်နေ့ကစပြီး ခွင့်မပြုတောံဘဲထပ်မံပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။ အဲဒီလိုထပ်မံပိတ်ပင်လိုက်ပြီးနောက် PJ မှ PV သို့မဖြစ်မနေပြောင်းလဲလိုသူတွေအတွက် မှောင်ခိုနည်းလမ်းနဲ့သို့မဟုတ် လူကြီးအကပ်နဲ့လုပ်ပေးသည်ဆိုကာ ကျပ်ဆယ်သိန်းမှ ၁၂သိန်းအထိ ပေါက်စျေးနဲ့ လုပ်ကိုင်ပေးနေတာလို့ သိရပါတယ်။ 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026