NEWS

နိုင်ငံကူးလက်မှတ် ဥပဒေသစ်ပြဋ္ဌာန်းရန် စစ်ကော်မရှင် လုပ်ဆောင်နေ

CoverLogo
266 Views
 
မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေကို လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေဖို့ဆိုကာ အသစ်ပြင်ဆင်ပြဋ္ဌာန်းဖို့ စစ်ကော်မရှင်ဘက်က စီစဉ်ပြုလုပ်နေတယ် လို့ သိရပါတယ်။
 
လက်ရှိအသုံးပြုနေတဲ့ ၁၉၂၀ ပြည့်နှစ်၊ အိန္ဒိယအက်ဥပဒေ အမှတ် ၃၄ ဖြင့် ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံကူး လက်မှတ်အက်ဥပဒေဟာ လက်ရှိအခြေအနေနှင့်လိုက်လျောညီထွေမှုမရှိ တဲ့ အတွက် ပြန်လည် ပြဌာန်းတာလို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၁ရက်က မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း)ရေးဆွဲရေး ဆိုင်ရာ အပြီးသတ်ညှိနှိုင်း အစည်းအဝေး ကို စစ်ကော်မရှင်လက်အောက်ရှိ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ဦးဆောင် ကျင်းပ ခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိ တွင် နိုင်ငံကူးလက်မှတ် အတုအပပြုလုပ်ခြင်း၊ အခြားသူတွေရဲ့ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကဲ့သို့ ပြင်ဆင်ပြောင်းလဲ၍ အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကို အခြားသူအား အသုံးပြုစေခြင်း စတဲ့ မဟုတ်မမှန် လိမ်လည်ဆောင်ရွက်မှုတွေ ကို အရေးယူဆောင်ရွက်ရာတွင် အခက်အခဲများ၊ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်စေရန် ဥပဒေအသစ်ရေးဆွဲရခြင်းဖြစ်တယ်လို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောပါတယ်။
 
"တကယ်ပြင်ချင်ရင် ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစား တာကို ပြင်ရမှာအခုသူတို့ ဥပဒေ ပြဌာန်းမယ်ဆိုတာ နိုင်ငံကူးလက်မှတ် အတု လုပ်လို့ ဆိုတာထက် ပြည်သူကို အခုထက်ပိုမို တင်းကျပ်ကန့်သက်ဖို့ လုပ်တယ်လို့ဘဲ မြင်တယ်""လို့ ပြည်သူတစ်ဦးက ပြောပါတယ်။
 
လက်တလောမှာလည်း ပြည်တွင်းမှ လူငယ်တွေ ကို ပြည်ပမထွက်နိုင်အောင် စစ်ကော်မရှင် ဘက်မှ အမျိုးမျိုး ကန့်သက် တင်းကျပ်တာတွေ ပြုလုပ် နေတဲ့ အတွက် ပြည်သူ တွေမှာ အခက်ခဲ နစ်နာဆုံးရှုံးတာတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026