NEWS

နိုင်ငံကူးလက်မှတ် သက်တမ်း ၆လ အောက် ကျန်ရှိသည့် သူများကိုသာ walk-in စနစ်ဖြင့် သက်တမ်းတိုး ဆောင်ရွက်ပေးမည်

CoverLogo
235 Views
စင်္ကာပူနိုင်ငံ ရောက် မြန်မာနိုင်ငံသားတွေ အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လုပ်ငန်းကို ဆောင်ရွက်ပေးရာတွင် အသက် (၆၅)နှစ်နှင့်အထက်ရှိသူနေထိုင်ခွင့်သက်တမ်းတိုးရန်လိုအပ်သူများ (IPA letter ပါရှိသူ) နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း (၆) လအောက် ကျန်ရှိနေသူတွေကိုသာ walk-in စနစ်ဖြင့် ဆောင်ရွက်ပေးမယ်လို့ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ဖေဖေါ်ဝါရီ ၁၀ ရက်မှာ အသိပေးကြေညာထားပါတယ်။
 
မြန်မာ သံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ချင်သူတွေအတွက် whatapps ဖြင့်ရက်ချိန်းရယူ၍ ရက်ချိန်းရတဲ့နေမှာ လာရောက်သက်တမ်းတိုးလုပ်ငန်း လုပ်ကိုင်စေသလို နိုင်ငံကူးလက်မှတ်အရေးပေါ် သက်တမ်းတိုး အရေးပေါ် လိုအပ်နေသူတွေကို (စာရွက်စာတမ်းအထောက်အထားဖြင့်) walk-in စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
 
အခုရက်ပိုင်းတွင် whatapps ဖြင့်ရက်ချိန်းရယူခြင်း မပြုဘဲ walk-in စနစ်ဖြင့် သက်တမ်းတိုးသူ များလာတဲ့ အတွက် မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေညဖြစ်သလို နိုင်ငံကူးလက်မှတ်ကို နေ့ချင်းပြီး ထုတ်ပေးရတာမှာလည်း မြန်မာသံရုံး တွင် ဝန်ထမ်းအင်အား၊စက်ကိရိယာအ​ေခြနေနဲ့သံရုံးအတွင်း နေရာ အကန့်အသတ်တို့ကြောင့် မလိုလားအပ်တဲ့နှောင့်နှေးကြန့်ကြာတာတွေ ဖြစ်ပေါ်ရတယ်လို့ မြန်မာသံရုံးက ကြေညာထားပါတယ်။
 
ဒါကြောင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလိုသူတွေ အတွက် whatapps ဖြင့် ရက်ချိန်းရရှိထားသည့် နေ့ရက်၌သာ သံရုံးသို့ လာရောက်သက်တမ်းတိုး ရန် နဲ့ အသက် (၆၅)နှစ်နှင့်အထက်ရှိသူနေထိုင်ခွင့်သက်တမ်းတိုးရန်လိုအပ်သူများ (IPA letter ပါရှိသူ) နဲ့ နိုင်ငံကူးလက်မှတ်သက်တမ်း (၆) လအောက် ကျန်ရှိနေသူတွေကိုသာ walk-in စနစ်ဖြင့် ဆောင်ရွက်ပေးမယ်လို့ သံရုံးကအသိပေးကြေညာထားပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026