NEWS

နိုင်ငံကူးလက်မှတ် စာအုပ်ဖိုး ကျပ် ၄ သောင်း အဖြစ်ပြောင်းလဲသတ်မှတ်

CoverLogo
459 Views
 
လာမယ့် စက်တင်ဘာလ ၁ ရက်နေ့က စပြီး နိုင်ငံကူးလက်မှတ် စာအုပ်ဖိုးကို ကျပ် လေးသောင်း အဖြစ် ပြောင်းလဲ သတ်မှတ် မယ်လို့ ဩဂုတ် ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ အသိချက် ထုတ်ပြန်ထားပါတယ်။
 
ယခင်က နိုင်ငံကူးလက်မှတ်လျှောက်ထားရာမှာ စာအုပ်ဖိုးငွေ သုံးသောင်းခွဲကျပ် ပေးသွင်းရပြီး စက်တင်ဘာ၁ရက် မှ စကာ လေးသောင်း ကျပ် ပေးသွင်းရမယ်လို့ သိရပါတယ်။
 
နိုင်ငံကူးလက်မှတ်လျှောက်ထား ဖို့အတွက် အွန်လိုင်းကြိုတင်ရက်ချိန်းရယူတဲ့ စနစ်သစ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က စတင်ဆောင်ရွက် ခဲ့ကာ လက်ရှိအချိန် ထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် တို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေ မှာ ရက်ချိန်းယူခြင်း ကို အွန်လိုင်းကနေသာ ရယူရတယ်လို့ သိရပါတယ်။
 
""ပတ်စပို့လုပ်ဖို့ အွန်လိုင်း ကနေရက်ချိန်းယူမယ်ဆိုရင် ဘိုကင်တင်ကတည်း ပိုက်ဆံ သုံးသောင်းခွဲကျပ် တခါတည်း သွင်းရတာ၊ အခု ၉ လပိုင်း ၁ ရက်ကစပြီး စာအုပ်ဖိုး သွင်းရမှာ လေးသောင်းကျပ် ပေးရမယ်လို့ကြေညာလိုက်တာ တကယ်တမ်း စာအုပ်သွားလုပ်ရင်အခုကျပ်လေးသောင်းနဲ့ မပြီးသေးဘူး အထဲ မှာ လဝက တို့ ရဲ တို့က ထပ်တောင်းသေးတာပဲ အမျိုးမျိုး ရစ် ပြီးတောင်းတာတွေလည်းရှိတယ် ပတ်စပို့စာအုပ် မထုတ်ပေး မှာ စိုးရိမ်တော့လည်း သူတို့ တောင်းတာ ပေးရတာပေါ့""လို့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
 
နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ အမျိုးအစား ခွဲ ခြား ထားပြီး အလည်အပတ်သွားရောက်လိုပါက PV၊ အလုပ်ဖြင့်သွားရောက်လိုပါကPJ၊ ပညာသင်အဖြစ်သွားရောက်လိုပါက PE၊ စီးပွားရေးအနေနဲ့ သွားရောက်လိုသူတွေ အတွက် PB၊ ဘာသာရေးအတွက်သွားရောက်သူတွေ အတွက် PR၊ မှီခို အနေနဲ့ သွားရောက်လိုသူတွေ အတွက် PT၊ သင်္ဘောသားအနေနဲ့ PS စသဖြင့် ခွဲခြားထားတယ်လို့ သိရပါတယ်။
 
လက်တလောမှာ အလုပ်ဖြင့် သွားရောက် ရန် လျှောက်ထားတဲ့ PJ နိုင်ငံကူးလက်မှတ် ကို သက်တမ်းငါးနှစ်မပြည့်ခင်အထိ PV နိုင်ငံကူးလက်မှတ် ပြောင်းလဲ လျှောက် ထားခွင့်မပြုသလို အသက် ၁၈ နှစ်က​နေ ၃၁ နှစ်အတွင်း အမျိုးသား​တွေကိုလည်း PJ နဲ့ ပြည်ပထွက်ခွင့်ပိတ်ပင်ထားပါတယ်။
 
ဒါ့အပြင် PV နိုင်ငံကူးလက်မှတ် နဲ့ ပြည်ပ နိုင်ငံ များ ကို ထွက်ရာမှာလဲ ရန်ကုန်လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေ မှာ စစ်ဆေးတာတွေ ပိုမိုတင်းကြပ်လျက်ရှိ​နေပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026