NEWS

နိုင်ငံကူးလက်မှတ်အတွက် လိုအပ်တဲ့စာရွက်အထောက်အထားတွေပြုလုပ်ပေးသည်ဆိုကာ လိမ်လည်တာတွေရှိနေ

CoverLogo
235 Views

နိုင်ငံကူးလက်မှတ် နဲ့ ကောင်စစ်ဝန်ဆိုင်ရာ ကိစ္စရပ်တွေ ပြုလုပ်ရာမှာ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထား တွေ ကို ပြုလုပ်ပေးသည်ဆိုကာ Face book၊Tik Tokစတဲ့ လူမှုကွန်ယက် စာမျက်နှာတွေ မှာ ကြေညာပြီး လိမ်လည်တာတွေရှိနေတဲ့ အတွက် မလေးရှားနိုင်ငံရောက်မြန်မာအလုပ်သမားတွေ အနေနဲ့ သတိထားဖို့ မြန်မာသံရုံး(ကွာလာလမ်ပူ)က ဩဂုတ် ၁၂ရက် မှာ အသိပေးထားပါတယ်။

မြန်မာသံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ်အသစ်လျှောက်၊ ပျောက်ဆုံးလျှောက် ခွင့်ပြုချက်စာရင်းနဲ့ Cof I ကိစ္စရပ် တွေ ကို သံရုံးရဲ့ Facebook page နဲ့ Website တို့မှာဖေါ်ပြပေးလျက်ရှိတယ်လို့သိရပါတယ်။

လက်တလောမှာ လိမ်လည်အမြတ်ထုတ်လိုသူတွေက နိုင်ငံကူးလက်မှတ်နဲ့ကောင်စစ်ဝန်ကိစ္စရပ် တွေ အတွက် လိုအပ်တဲ့စာရွက်စာတမ်းဖြစ်တဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ထောက်ခံစာ အစရှိတာ တွေ ကို မမှန်မကန် ပြုလုပ်ပေးနေတဲ့ ရေးသားပြောကြားချက်တွေရှိနေကြောင်း သံရုံးရဲ့ အသိပေးချက်မှာ ဖေါ်ပြထားပါတယ်။

ဒီလို မမှန်ကန်တဲ့စာရွက်စာတမ်းတွေကို သံရုံးကို ပြုလုပ်တင်ပြလာပါက တင်ပြလာသူမှာ ဥပဒေနဲ့ငြိစွန်း မှုရှိတဲ့ အပြင်လက်ခံဆောင်ရွက် ပေးနိုင်ခြင်းမရှိတဲ့ အတွက် တင်ပြလာသူမှာ အချိန်နဲ့ငွေကုန် ကာ နစ်နာမှု တွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။

သံရုံး အနေနဲ့ လည်း အခုလို မမှန်ကန်တဲ့ အထောက်အထားတွေ လိမ်လည်ပြုလုပ်ကြော်ငြာနေတဲ့ သူတွေ၊အကောင့်ပိုင်ရှင် တွေ ကို ဥပဒေ နဲ့ အညီ စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် လက်ရှိမှာ မလေးရှားနိုင်ငံ အတွင်း တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ပပျောက်ရေး စီမံချက်နဲ့ အော်ပရာဇီ စစ်ဆေးမှု တွေ နိုင်ငံတဝန်း အရှိန်မြင့် လုပ်ဆောင်နေတဲ့ အတွက် မလေးရောက်မြန်မာ နိုင်ငံသားတွေ အနေနဲ့ အသွားလာ ဂရုပြုဖို့နဲ့ ခရီးသွားလာဖို့ရှိပါက လိုအပ်တဲ့စာရွက်စာတမ်းတွေ ကိုယ်နဲ့မကွာယူဆောင်သွားဖို့ အသိပေးနှိုးဆော်ထားပါတယ်။

 


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025