NEWS

နိုင်ငံကူးလက်မှတ်ပြုလုပ်သူ နည်းလာ

CoverLogo
558 Views
 
နိုင်ငံကူးလက်မှတ်ပြုလုပ်သူ နည်းလာတဲ့ အတွက် နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ဖို့နဲ့ သက်တမ်းတိုးတာအတွက် Online Appointment ရက်ချိန်းရယူတာ ကို ယခင်လို လနဲ့ ချီစောင့်ဆိုင်းစရာမလိုတော့ကြောင်း သိရပါတယ်။
 
ယခင်က နိုင်ငံကူးလက်မှတ် ပြုလုပ်ဖို့ Online Appointment ရက်ချိန်းရယူတာမှာပြုလုပ်ရမယ့် နေ့ကို ၃ လခန့် ဝန်းကျင်ထိ စောင့်ဆိုင်းခဲ့ရတာပါ။
 
""အခုက စာအုပ်လုပ်သူနည်းသွားပြီ အတော်များများ ကလည်း စာအုပ်လုပ်ပြီး ပြည်ပ ထွက်သွားတာ တွေ နဲ့ တစ်ချို့ စာအုပ်လုပ်ဖို့ အဆင်မပြေတဲ့ သူတွေ ကျတော့ ရတဲ့ နည်းနဲ့ ပြည်ပ ထွက် သွားကြတာ အဲ့တော့ စာအုပ်လုပ်သူအရေအတွက်နည်းသွားပြီပေါ့ အခုဆို ရန်ကုန်ရုံးမှာတောင် QR တင်လိုက်တာနဲ့ တစ်ရက် နှစ်ရက်ပဲ ခြားတယ် ရက်ချိန်းရတယ် ရုံးထဲမှာလည်း လူနည်းတော့ ပိုပြီးရစ်လာတယ် ""လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ဝန်ဆောင်မှု ပေးသူတစ်ဦးကပြောပါတယ်။
 
အခုလို နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် Online Appointment ရက်ချိန်းကို ရက်အနည်းငယ်နဲ့ ပြုလုပ်ခွင့်ရရှိပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ပြုလုပ်ရမယ့် ရက် အတွင်း စာအုပ်လာရောက်မလုပ်ပါက ထပ်မံရက်ချိန်းယူရတယ်လို့ သိရပါတယ်။
 
""အရင်က QRကျတဲ့ရက်ကနေ တစ်လ အတွင်း ကို ဝင်လုပ်လို့ရတယ် အခုက QRကျပြီး တစ်ပတ် အတွင်း ဝင်လုပ်ရမယ် ပိတ်ရက် ဖယ်လိုက်ရင် ၅ရက်အတွင်း ဝင်လုပ်ရမယ် မလုပ်ဖြစ်ရင် ဘဏ်သွင်းငွေ ၄သောင်း အဆုံးပေါ့ လုပ်ချင်တယ်ဆိုရင် တခါ QR ထပ်တင်ရမယ်""လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ဝန်ဆောင်မှု ပေးသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာလည်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေက နိုင်ငံကူးလက်မှတ် PJ အမျိုးအစား ကနေ သက်တမ်းမကုန် ဘဲ PV၊PE အမျိုးအစား ပြောင်းလဲ ခွင့် ယာယီပိတ်ထားပါတယ်။
 
နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသူတွေကို ပြန်လည်ပြုလုပ် ခွင့်မပေးတာ နိုင်ငံသားမှတ်ပုံတင်မှာ အစိုးရဝန်ထမ်း လို့ပါရှိပါက ဌာနရဲ့ခွင့်ပြုစာတောင်းခံတာ စတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကြောင့် ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာလိုသူတွေ အခက်ခဲ တွေ ဖြစ်ပေါ်လျက်ရှိပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026