NEWS

နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး ၅၀၀၀ ကျပ်တိုးမြှင့်ကောက်ခံမည်

CoverLogo
455 Views
 
နိုင်ငံကူးလက်မှတ် ပြုလုပ်ဖို့ အတွက် စာအုပ်ဖိုးငွေ ကို စက်တင်ဘာ ၁ ရက်က စပြီး ၄၅၀၀၀ ကျပ် သို့ ဈေးနှုန်း တိုးကောက်ယူမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဩဂုတ်၂၈ ရက်မှာထုတ်ပြန် ကြေညာပါတယ်။
ယခင်က စာအုပ်ဖိုးငွေကို ၄၀၀၀၀ ကျပ် ဖြင့်ကောက်ယူခဲ့ ပြီး စက်တင်ဘာ ၁ ရက်မှစကာ ၄၅၀၀၀ ကျပ် သို့ ပြောင်းလဲ ကောက်ယူမယ်လို့ သိရပါတယ်။
 
နိုင်ငံကူးလက်မှတ်စာအုပ်ဖိုးဈေးနှုန်းတိုးမြှင့်ဖို့ကို အခုလို ကြေညာပေမယ့် တကယ်တမ်း လူကိုယ်တိုင်သွားရောက်လုပ်ကိုင်ရာမှာ သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံတာတွေ ရုံးတွင်းပိုင်း လာဘ်စားမှုတွေကြောင့် ပိုမိုပေးဆောင်နေရတယ်လို့ သွားရောက်လုပ်ကိုင်သူတွေကပြောပါတယ်။
 
"Online Appointment တင်ရင် အရင်က သွင်းရတာ လေးသောင်းကျပ် ကို အခု လေးသောင်းခွဲ သွင်းရမှာပေါ့ ဒါက ဘဏ်သွင်းငွေဘဲ ရှိသေးတာ အထဲ မှာ လ၀က တို လက်ဗွေနှိပ် ဓါတ်ပုံရိုက်တဲ့နေရာတွေမှာလည်း ပေးရတယ် ကောင်တာ တစ်ခုကို တစ်သောင်းလောက်ပေးရတယ် ဒါက ကိုယ့်ဘက်က အကုန်ပြည့်စုံနေရင် ပေးရတာ ပြောတာ ပုံစံ ၆၆ ဟောင်းနွမ်းနေတာတို့ မှတ်ပုံတင် မှာ နည်းနည်းမထင်မရှား ဖြစ်နေတာတို့ဆိုရင် သောင်းဂဏန်းကနေ သိန်းဂဏန်းထိ တောင်းတာတွေရှိသေးတယ် နည်းမျိုးစုံနဲ့ရစ်ပြီးတောင်းနေကြတာ စာအုပ်လိုချင်တော့လည်း အဆင်ပြေအောင် ပေးရတာပဲ""လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတစ်ဦးကပြောပါတယ်။
 
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ် အသစ်လျှောက် ဒါမှမဟုတ် သက်တမ်းတိုးတာ အတွက် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ ကျပ်သို တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယခုအခါ ၄၅၀၀၀ ကျပ်သို ထပ်မံပြောင်းလဲသတ်မှတ်ခဲ့တာဖြစ်ပါတယ်။
 
လက်ရှိမှာ နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ဦးရေ အလွန်နည်းလာတာတဲ့ အတွက် Online Appointment ရက်ချိန်း ကို ယခင်လို လနဲ့ချီ စောင့်စရာမလိုတော့ဘဲ ရက်ပိုင်းအတွင်း ပြုလုပ်ခွင့် ရတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026