NEWS

နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်လို့ တိုင်ကြား

CoverLogo
422 Views
 
ထိုင်းနိုင်ငံ၊ စမူပကန်မြို့က မွှေ့ယာထုပ်လုပ် တဲ့ စက်ရုံတခု မှာ အလုပ်လုပ်နေ တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အလုပ်ရှင်က စက်ရုံပိတ်တော့မယ်ဆိုကာ နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်ပစ်မယ်ပြောခဲ့တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
မြန်မာအလုပ်သမား အမျိုးသား( ၁၁ )ဦး ၊ အမျိုးသမီး(၄ )ဦးတို့ဟာ စက်ရုံ မှာ အနည်းဆုံး တစ်နှစ်ခွဲ မှ ၇ နှစ်ခွဲအထိ လုပ်သက်ရှိတယ်လို့ သိရပါတယ်။
မတ်လ ၂၅ရက်နေ့ကစပြီး စက်ရုံ ပိတ်မယ်လို့ဆိုကာ သူဌေးဘက်က ပြောကြားလာပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကို နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်မယ်လို့ ပြောလာတဲ့ အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက WAG အလုပ်သမား မဟာမိတ်အဖွဲ့ကို အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
အခုလို နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်တဲ့ အပေါ် မကျေနပ်တဲ့ အတွက် ထိုက်သင့်တဲ့ နစ်နာကြေးရရှိဖို့ အလုပ်သမားတွေနဲ့ အတူ WAG အလုပ်သမားအဖွဲ့ က နယ်မြေခံ မြို့နယ်ဆဝါဒီကန်ရုံး(အလုပ်သမားရုံး)ကို မတ်လ ၁၇ ရက်မှာ သွားရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ သတင်းတွေကို

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026