NEWS

ဓါတုသိုလှောင်ကန် ပေါက်ကွဲ မှု ကြောင့် သေဆုံးခဲ့သည့် မြန်မာလုပ်သားနှစ်ဦးအတွက် နစ်နာကြေး ထိုင်းဘတ် ၂သန်းကျော် ရရှိ

CoverLogo
345 Views
ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင် ရှိ စက်ရုံ တစ်ခု တွင် ဓါတုသိုလှောင်ကန် ပေါက်ကွဲမှုကြောင့် ဓါတုပေါင်းအိုး အတွင်း ပြုတ်ကျသေဆုံးခဲ့တဲ့ မြန်မာလုပ်သားနှစ်ဦး အတွက် နစ်နာကြေး ဘတ်၂သန်းကျော်ရရှိခဲ့တယ်လို့ ၎င်းအမှုကိစ္စ ကို ကူညီပေးနေတဲ့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။
 
၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၆ရက် မှာ MOUစနစ်နဲ့ အလုပ်လာရောက် လုပ်ကိုင်နေတဲ့ ကိုမင်းအောင်အသက် ၄၁နှစ်နဲ့ ကိုသက်ဝေ အသက်၃၆နှစ်တို့ဟာ အလုပ်ချိန် အတွင်း ဓါတုအိုးပေါက်ကွဲ ပြီး ပေါင်းအိုးအတွင်း ပြုတ်ကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဆုံးပါးသွားသူတို့အတွက် စက်ရုံဘက်မှ သ​ဂြိုလ်ပေးခြင်းနှင့် သဂြိုလ်စရိတ်များကို ထုတ်ပေးခဲ့ပေမယ့် သဂြိုလ်စရိတ် နှစ်ဦးပေါင်း ၁ သိန်းတို့အား စက်ရုံနှင့်အလုပ်ရုံကြားတွင် ​ကြန့်ကြာ​နေတဲ့ အတွက် သဂြိုလ်စရိတ်နှင့် နစ်နာထားမှုများ ကို ကျန်ရစ်သူမိသားစုအတွက် ရရှိရန် အေအေစီရဲမင်းဦးဆောင်တဲ့ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ထံ အကူအညီတောင်းခံတာကြောင့် ကျန်ရစ်သူမိသားစုကို ရုံးတွင် ၃ လကျော်ကြာ ခေါ်ယူစောင့်ရှောက်ကာ ဆက်လက် ကူညီပေးခဲ့တယ်လို့သိရပါတယ်။
 
၎င်းတို့အတွက် နစ်နာကြေး နှစ်ဦးစာ ဘတ် ၄သိန်း၂ထောင်အား၂၀၂၅ ခုနှစ် သြဂုတ်လ ၁ရက်နေ့တွင် နစ်နာသူမိသားစုမှ နယ်မြေခံရဲစခန်းရှိတာဝန်ရှိသူများရှေ့တွင် ကျန်ရစ်သူမိသားစုဝင်များရဲ့ သဘောဆန္ဒအတိုင်း လက်ခံခဲ့ပြီး ကျန်ရှိနေတဲ့ သဂြိုလ်စရိတ် ဘတ်ငွေ ၁သိန်းနှင့် ပကန်ဆန်ခွန်မှ ကျန်ရစ်သူ မိဘနှင့်သားသမီးအတွက် ၁၀ နှစ်စာ ဘတ်ငွေ ၁ သန်း ၅သောင်း နှစ်ဦးပေါင်းစာ ၂ သန်း ၂ သိန်း ၃ သောင်းအား ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ မှအသိပေး ထုတ်ပြန်ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026