NEWS

ဓါတုရေကန် ကို သန့်ရှင်းရေးပြုလုပ်ရသည့် မြန်မာလုပ်သား ၂ ဦး အဆိပ်ဓါတ်ငွေ့ကြောင့် သေဆုံး ၁ ဦးပြင်းထန်ဒဏ်ရာရ

CoverLogo
391 Views
ထိုင်းနိုင်ငံ ကရာဘီပြည်နယ် ပလိုင်းဖရား မြို့နယ် က စားအုန်းဆီကုမ္ပဏီ တစ်ခု ရှိ ဓါတုရေကန် ကို သန့်ရှင်းရေး ပြုလုပ်ရတဲ့ မြန်မာလုပ်သား၃ဦးမှာ ကန် ထဲ ရှိအဆိပ်ဓာတ်ငွေ့တွေရှူမိတာကြောင့်၂ဦးသေဆုံးကာ၁တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
နိုဝင်ဘာ ၁၄ ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာအလုပ်သမား ၃ ဦး ဟာ စက်ရုံတွင်းကဓါတု စွန့်ပစ်ကန်ကြီးကို ဆင်းပြီး သန့်ရှင်းရေးလုပ်ဆောင်နေစဉ် ဓါတုအဆိပ်ငွေ့ကို ရှုရှိုက် မိသလိုဖြစ် ပြီး ကန်ထဲသို့ ပြုတ်ကျသွားခဲ့တယ်လို့ သိရပါတယ်။
 
၎င်းကန်ထဲ တွင် ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်လို့ခေါ်တဲ့ အလွန်အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ ရှိနေတာဖြစ်တာကြောင့် မြန်မာလုပ်သား၃ဦးဟာ အဆိပ်သင့်ခဲ့တာလို့ဆိုပါတယ်။
 
၎င်းဖြစ်စဉ် ဖြစ်ပွားပြီး ချက်ချင်းဆိုသလို ကုမ္ပဏီဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေအပြင် မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
 
ဓါတုကန်ထဲမှ မြန်မာလုပ်သားတွေကို အပေါ်သို့ ကြိုးဖြင့် ဆွဲတင်ခဲ့ရာ အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦး ကို အရင်ဆုံး ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့နိုင်ပေမယ့် ကျန်နေတဲ့ အသက် ၂၄ နှစ်နဲ့ အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားနှစ်ဦးကိုလည်း ဆက်လက် ကယ်ထုတ်နိုင်ခဲ့ရာ ၎င်းတို့နှစ်ဦးစလုံးဟာ ကယ်ဆယ်မှု အပြီးတွင် သေဆုံးနေခဲ့ပြီ ဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
လက်ရှိတွင် သက်ဆိုင်ရာမှုခင်းဆရာဝန်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မှုခင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်နေကျပြီး အလုပ်သမားရေးရာဌာနနဲ့ စက်မှုလက်မှု လုပ်ငန်းဌာနတို့က အခုလိုဖြစ်စဉ်မျိုး ထပ်မဖြစ်စေရန် ကြိုတင်ကာကွယ်ဘေးကင်းရေး အစီအမံ ချမှတ် ဆောင်ရွက်နေတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
Ref-Khaosod Thai

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026