NEWS

ဒေါ်လာငါးသိန်း အထက် ပြန်လည် ဝင်ရောက်ဖို့ ကျန်ရှိတဲ့ ကုမ္ပဏီ ၂၈ ခု ကိုအမည်ပျက်စာရင်းသွင်း

CoverLogo
131 Views
ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့အထက် ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိတဲ့ ကုမ္ပဏီ ၂၈ ခုကို အမည်ပျက် စာရင်း (Black List) ထည့်သွင်း သတ်မှတ်လိုက်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၂၆ ရက်က အသိပေး ကြေညာလိုက်ပါတယ်။
 
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်မှာ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ကုမ္ပဏီ တွေအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လေးစားလိုက်နာရမယ့်အပြင် မိမိတို့ လုပ်ကိုင် ဆောင်ရွက်နေတဲ့ လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေက ချမှတ်ထားတဲ့ တခြားတည်ဆဲဥပ ဒေနဲ့ နည်းဥပဒေတွေကို လိုက်နာမှုမရှိကြောင်း တွေ့ရှိရင် မှတ်ပုံတင်အရာရှိက အများပြည်သူသိစေဖို့ ကြေညာ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
 
အဆိုပါ အမည်ပျက်စာရင်း အသွင်းခံရတဲ့ ကုမ္ပဏီ တွေ ထဲ မှာ တရုတ် အစိုးရ ပိုင် ကုမ္ပဏီတွေလည်း ပါဝင်တယ်လို့သိရပါတယ်။
 
အမည်မည်းစာရင်း ထည့်သွင်းသတ်မှတ်ခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ Asia Whale Travels & Tours Company Limited ၊ Chengfang Company Limited ၊ China Intetnational Forestry Group Corp LTD ၊Dawna Alin Company Limited၊ December Moe Company Limited ၊ JPM Myawaddy Company Limited ၊ Linn Wai Yan Company Limited စတဲ့ ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၂၈ ခု ကို အမည်ပျက်စာရင်း သွင်း တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Related posts

Cover
ဒေါ်လာဈေးကွက် ရက်ပိုင်းအတွင်း အရောင်းအ၀ယ်မြင့်နေ
Sep 13, 2024
Cover
ဒေါ်လာဈေးပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းတွေဆက်လက်မြင့်တက်
Aug 30, 2024
Cover
ဆန်ဈေးတင်ရောင်းလို့ဆိုကာ အဖမ်းခံရတဲ့ဂျပန်နိုင်ငံသား ပြစ်ဒဏ်ချမှတ်ပြီး နာရီပိုင်းအတွင်း ပြန်လည်လွတ်မြောက်
Aug 13, 2024
Cover
မြင်းခြံသံမဏိစက်ရုံအနီးက သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံယာယီပိတ်သိမ်း
Aug 13, 2024
Cover
လုပ်ငန်းမှတ်ပုံတင်လက်မှတ်မရှိတဲ့ အွန်လိုင်းဈေးရောင်းသူတွေကို အရေးယူမယ်ဟုဆို
Aug 12, 2024
Cover
ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၆၀၀၀ ကျော်ထိဈေးမြင့်တက်လာ
Aug 09, 2024
Cover
ပို့ကုန်ရငွေပမာဏရဲ့  ၃၅ ရာခိုင်နှုန်းအစား ၂၅ရာခိုင် နှုန်းကို ကျပ်ငွေလဲလှယ်ရန် စစ်ကောင်စီ ဗဟိုဘဏ်သတ်မှတ်
Aug 08, 2024
Cover
အလုပ်သမား၂၀၀၀ ကျော်ကို အလုပ်အကိုင်အခွင့်လမ်းပေးနိုင်မယ့် လုပ်ငန်းအသစ် ၅ခု ခွင့်ပြုထားဟုဆို
Aug 06, 2024