NEWS

ဒူဘိုင်းတွင် အိမ်အကူလုပ်ရန် လာရောက်သော မြန်မာအလုပ်သမား ၃၀ ကျော် လေဆိပ်တွင်ပိတ်မိပြီး ဒုက္ခရောက်နေ

CoverLogo
2.5K Views

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းတွင် အိမ်အကူအဖြစ် လုပ်ကိုင်ရန် အလည်ဗီဇာဖြင့် သွားရောက်ကြသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀ ကျော်သည် လေဆိပ်တွင် ဒုက္ခရောက်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါး၍ အိမ်အကူအဖြစ် ဒူဘိုင်းတွင် လုပ်ကိုင်ခွင့် ရရန်အတွက် အလည်ဗီဇာဖြင့် သွားရောက်ကြသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၀) ကျော်သည် ယခုလ ၄ရက်က ဒူဘိုင်းလေဆိပ်တွင် ထွက်မရဘဲ ဖြစ်နေပြီး တာဝန်ခံ ခေါ်ယူသော ပွဲစားမှာလည်း ထွက်ပြေး၍ ဒုက္ခရောက်လျက်ရှိ ကြောင်း ဒူဘိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားများကို ကူညီနေသူများနှင့် KH Job Services က ပြောပါတယ်။

“ဒီလိုပုံစံမျိုးတွေဖြစ်လာတော့ တကယ်လုပ်ချင်တဲ့ ကလေးတွေ အနေနဲ့ အရမ်းနစ်နာတယ်။ ထိထိရောက်ရောက် အလုပ်ပေးနိုင်တဲ့ လူတွေအနေနဲ့ အလုပ်လုပ်ကြရတဲ့ အချိန်မှာ ဒီနိုင်ငံနဲ့ ပူးပေါင်း အလုပ်လုပ်ရတဲ့အချိန်မှာ ဒီလို လူမျိုးတစ်ယောက် ခဏခဏ လုပ်နေတဲ့ အပေါ်မှာ အက်ရှင်ကလည်း ဘယ်သူမှ မယူကြဘူး။ တားဆီးမဲ့ သူလည်း မရှိတော့ သူလုပ်လိုက်တဲ့ အပေါ်မှာ ကောင်းတဲ့ သူတွေအနေနဲ့ အတော်ထိခိုက်နစ်နာရတယ်”လို့  KH Job Services မှ တာဝန်ရှိသူ ဦးအာကာဆန်းကျော်က Myanmar Labour News ကို ပြောပါတယ်။

ဒူဘိုင်းတွင် အိမ်အကူဖြင့် အလုပ်သွားရောက် လုပ်ကိုင်သူ ၃၀ ကျော်သည် ကုမ္ပဏီ ၄/၅ ခုမှ အေဂျင့်များနှင့် နယ်ဒေသများမှ ကြားပွဲစားများဖြင့် ဆက်သွယ်၍ လာကြသူများဖြစ်ပြီး ဝန်ဆောင်ခအဖြစ် သိန်း ၃၅ သိန်း မှ သိန်း ၄၀ ကျော် ပေးရကြောင်း သိရပါတယ်။

ဒူဘိုင်းတွင် အလုပ်လုပ်ကိုင်ခွင့် ရရန် ခေါ်ယူလျက်ရှိသော ပွဲစားများသည် ပုံစံမျိုးစုံဖြင့် ရွှေ့ပြောင်းအလုပ်သမားများကို ခေါ်ယူလျက်ရှိပြီး လက်တွေ့တွင် လိမ်ညာမှုများနှင့် အဆင်မပြေမှုများကြောင့် ရွှေ့ပြောင်းအလုပ်သမားများ ပုံစံမျိုးစုံဖြင့် ဒုက္ခရောက်လျက်ရှိနေတယ်လို့ သိရပါတယ်။

(အသေးစိတ်ကို ထပ်မံစုံစမ်းနေပြီး ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်)


Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026