NEWS

ဒဏ်ကြေးပေးဆောင် ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ၁၂၀ ကျော်ရှိပြီး လစဉ်တစ်သိန်းကျပ်နှုန်းနဲ့ တိုးမြှင့် ပေးဆောင်ရမယ်လို့ဆို

CoverLogo
280 Views
 
ကဏ္ဍအလိုက် ဒဏ်ကြေးပေးဆောင်ဖို့ပျက်ကွက် တဲ့ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၂၀ ကျော်ရှိပြီး လစဉ် တစ်သိန်းကျပ်နှုန်း တိုးမြှင့် ပေးဆောင်ရမယ်လို့ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ Safe Migration မှ ဖေဖော်ဝါရီ ၃ ရက် မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ထားတဲ့စာရင်း အရ ကဏ္ဍအလိုက် ဒဏ်ကြေးပေးဆောင် ဖို့ ကျန်ရှိတဲ့ လိုင်စင်ရ အေဂျင်စီ ၁၂၃ ခု ရှိ ကာ အချို့ အေဂျင်စီ တွေ မှာ သတ်မှတ်ရက် တွင် ဒဏ်ကြေး မပေးဆောင် တဲ့ အတွက် လစဥ် ၁သိန်းကျပ် နှုန်း တိုးမြှင့် ပေးဆောင်ရမယ်လို့ ထုတ်ပြန် သတိပေးထားပါတယ်။
ကဏ္ဍအလိုက် ဒဏ်ကြေးပေးဆောင်ဖို့ပျက်ကွက်တဲ့အေဂျင်စီ ၁၂၃ ခုစာရင်းထဲ တွင် သတ်မှတ်ရက်မပေးလို့ လစဉ် တစ်သိန်းနှုန်းတိုးကောက်ခံရတဲ့ ကုမ္ပဏီ မှာ ၁၆ ခု ၊ ဒုတိယအကြိမ်ထိ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ မှာ ၃ ခု နဲ့ တတိယအကြိမ်ထိ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ ၃ ခုရှိတယ်လို့သိရပါတယ်။
""အဓိက ဒဏ်ရိုက် ခံရတာက မိသားစုထံ လွှဲ ပို့ငွေ စိစစ်မှု မှာ မတင်ပြ နိုင်တာ တွေ များတယ် တစ်ချို့က သူတို့ သတ်မှတ်ထားတဲ့ နှုန်းထားမပြည့်တာ အဲ့တော့ အေဂျင်စီ တွေ အနေနဲ့ လစဉ် တိုင်း လွှဲပို့ငွေ အထောက်အထားစာရင်း ပို့နေရပေမယ့် အလုပ်သမားတွေ ဆီက မရတော့ ဒဏ်ရိုက်ခံရတာတွေ ဖြစ်ကုန်တာ ဒဏ်ကြေး မဆောင်ရင်လည်း နောက်လ ဆို တစ်သိန်း နှုန်းနဲ့ တစ်လ စီ တိုးကောက်သွားမှာ""လို့ လိုင်စင်ရအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဒဏ်ကြေးငွေ မပေးသွင်းမီ ကာလ အတွင်း Demand Letter (အလုပ်ခေါ်စာ)အသစ် တင်ပြခွင့် ကိုပါ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်အသိပေးချက်မှာလည်း အလုပ်သမားစေလွှတ်တဲ့ လချုပ်စာရင်းတွေ ကို အချိန်မီ ပေးပို့တင်ပြရန်၊ မိသားစုလွှဲပို့ငွေ စိစစ်မှုကို ၄လ တစ်ကြိမ် စိစစ်မှု ပြုလုပ်နေ တဲ့ အတွက် အလုပ်သမားလွှဲပို့ထားတဲ့ အထောက်အထားရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ သတင်းပို့ဖို့ကို လည်း အသိပေးထားပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026