NEWS

ထိုးကြိတ်နှိပ်စက်ခံရသော မြန်မာနိုင်ငံသားအမှု M.H.A.C ကူညီပေးမည်

CoverLogo
420 Views
 
လတ်တလော လူမှုကွန်ရက် Facebook ပေါ် မှာ ပြန့်နှံံံ့နေ တဲ့ ထိုင်းနိုင်ငံသားက မြန်မာနိုင်ငံသား ကို ထိုးကြိတ်နှိပ်စက်မှု ကြုံခဲ့ရတဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်ပြီး နစ်နာသူကို M.H.A.C (မဟာမိတ်အဖွဲ့) မှ ကူညီဆောင်ရွက် ပေးမယ်လို့ သိရပါတယ်။
ထိုင်းလူမျိုး အမျိုးသားတစ်ဦးက ထိုးကြိတ်နှိပ်စက်မှု ဗီဒီယိုအား "ကမ္ဘောဒီးယားလူလိမ်" ဟု ခေါင်းစဉ်တပ်ထားသော်လည်း ၎င်းမှာ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုသားညီ ဖြစ်တယ်လို့ M.H.A.C (မဟာမိတ်အဖွဲ့) မှ အတည်ပြုထားပါတယ်။
 
ဖြစ်စဉ်မှာ ယခုနှစ် ဇန်နဝါရီ ၁ ရက် ည ၉ နာရီခန့်က ပထုံဆေးရုံအနီး၌ ကိုသားညီ မှာ ဆေးဝယ်ရန် အတွက် ထွက်လာစဉ် ဆိုင်ကယ်ဘီးပေါက် သဖြင့် အနီးရှိ ဆိုင်ကယ် ပြင်ဆိုင်တွင် ဝင်ပြင်ရာ ထိုင်းဘတ် ၁၄၀ ကုန်ကျခဲ့ပြီး ကိုသားညီမှ ၁၀၀၀ တန် နှင့် ၅၀၀ တန်ကို ပေးချေပေမယ့် ဆိုင်ကယ်ပြင် တဲ့ အမျိုးသားမှ အကြွေမရှိဘူးဆိုကာ အကြွေလဲပေးဖို့ ပြောတဲ့ အတွက် ညီမဖြစ်သူ ထံအကြွေသွားယူဖို့ ထွက်ခဲ့တယ်လို့ ဆိုပါတယ်။
 
ညီမဖြစ်သူထံ အကြွေသွားလဲဖို့ ထွက်လာ တဲ့ ကိုသားညီ ကို လိမ်ပြေးတယ်ဆိုကာ အနောက်မှ ကားတစ်စီး ဆိုင်ကယ်တစ်စီးဖြင့် လိုက်လာပြီး လမ်းခုလတ် နယ်မြေခံရဲစခန်း အနီး ဆိုင်ကယ်ပိုင်ရှင်က မြန်မာနိုင်ငံသားကိုထိုးကြိတ်ကာ ကျန်ထိုင်းနိုင်ငံသားတစ်ဦးက ဗီဒီယို ရိုက်ခဲ့တယ်လို့ သိရပါတယ်။
 
""သူတို့က အကြွေလဲပေးဖို့ပြောတယ် ကျွန်တော်က ရှမ်းစကားကောင်းကောင်းမပြောတတ်တော့ ဈေးဆိုင်မှာ အကြွေဝင်မလဲတော့ဘဲ ဆိုင်ကင်ပြင်ဆိုင်နဲ့သိပ်မဝေးတဲ့နေရာမှာ ထားခဲ့တဲ့ ကျွန်တော့်ညီမ ဆီမှာသွားယူဖို့ ထွက်လာတာ ကို အနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာပြီး ဆိုင်ကယ်ရပ်ခိုင်းတယ် ကျွန်တော်လည်း လိမ်ပြေးမယ့်သူမှ မဟုတ်တာ အဲ့တော့ရပ်ပေးလိုက်တယ် ကျွန်တော့်ဆိုင်ကယ်သော့ကို ဆွဲနူတ်ယူတယ် ကျွန်တော်လည်း ရှမ်းစကားကောင်းကောင်းပြောတတ်တဲ့အသိအစ်မ ဆီဖုန်းခေါ်ပြီး ပြောခိုင်းဖို့ လုပ်နေတုန်း မှာ ကားနဲ့လိုက်လာတဲ့ ဆိုင်ကယ်ပြင်ဆိုင် ပိုင်ရှင်က နားမထောင်ဘဲ တန်းထိုးတာဘဲ တစ်ယောက်က ဗီဒီယိုရိုက်တယ်""လို့နစ်နာသူက ပြောပါတယ်။
 
အခုလို ထိုးကြိတ်ခံရတဲ့ မြန်မာအမျိုးသားမှာ ဆေးရုံမှ ဆင်းခါစရှိ အမျိုးသမီးနဲ့ နှလုံးရောဂါအခံရှိတစ်လသားကလေးငယ် တို့ ထိခိုက်မှာစိုးရိမ်တဲ့ အတွက် မိမိ ထိုးကြိတ်ခံရပေမယ့် တိတ်တဆိတ်နေခဲ့သော်လည်း ယခု တွင် ၄င်း နှိပ်စက်အထိုးခံရတဲ့ ဗီဒီယို ဖိုင်ကို ထိုင်းအမျိုးသားဘက်မှ လူမှုကွန်ယက်မှာလူလိမ်ဟု ဆိုကာ တင်လာတဲ့ အတွက် MHAC မဟာမိတ်အဖွဲ့ထံအကူညီတောင်းခံလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
 
""မိသားစုဝင်တွေ စိတ်မကောင်းဖြစ်မှာစိုးလို့ တစ်ချက်ပဲ အထိုးခံရတယ်လို့ မိသားစု ကိုပြောခဲ့တာ အခု ကျွန်တော့် ကို လိုင်းပေါ် မှာ လူလိမ်ဆိုပြီး တင်တာ မကျေနပ်လို့ တရားပြန်စွဲဖို့ MHAC အဖွဲ့ ကို အကူညီတောင်းတာပါ""လို့ နစ်နာသူကိုသားညီကပြောပါတယ်။
 
MHAC မဟာမိတ်အဖွဲ့ ဘက်မှ လည်း နစ်နာသူ မြန်မာအမျိုးသား အတွက် ယခု အမှု ကို မြန်မာအမျိုးသားရဲ့ အလုပ်ရှင်သူဌေးနဲ့ပူးပေါင်းကာ ပြီးဆုံးသည်အထိ ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026