NEWS

ထိုင်း MOU အလုပ်သမားများ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ကို ရန်ကုန်မြို့ မြောက်ဒဂုံအလုပ်သမားရုံးမှာသာ ချုပ်ဆိုရန်သတ်မှတ်ထား

CoverLogo
1.2K Views

ထိုင်းနိုင်ငံ ကို MOU စနစ်နဲ့ သွား ရောက် အလုပ်လုပ်ကိုင်မယ့် အလုပ်သမား တွေ ချုပ်ဆိုရတဲ့ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်ကို ယခင်လို တိုင်းနှင့်ပြည်နယ် အလိုက် သွားရောက် မချုပ်ဆိုရတော့ဘဲ ရန်ကုန်မြို့ရှိ မြောက်ဒဂုံ အလုပ်သမားသင်တန်းကျောင်း မှာ သာချုပ်ဆိုရမယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာက ၁ရက်က စပြီး အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို အလုပ်သမားများနေထိုင်ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် ချုပ်ဆိုခွင့်ပြုရာမှ အချိန်ကုန်သက်သာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုတည်းတွင် ချုပ်ဆိုခြင်းကို စက်တင်ဘာ ၁၁ ရက်က စတင်ခွင့်ပြုခဲ့တာလို့သိရပါတယ်။

"အခုလို ရန်ကုန်မှာပဲ စာချုပ် ပြန်ချုပ်ရမယ် ဆိုတော့ ထိုင်းကိုသွားမယ့်ကလေးတွေရော အေဂျင်စီတွေရော အဆင်ပြေသွားတယ် လိုင်စင်ရအေဂျင်စီတွေ က ရန်ကုန်မှာပဲ အများဆုံးရှိတာ အဲ့တော့ သူတို့ ရန်ကုန်ကိုလာရမှာပဲ အခုလို စာချုပ်ချုပ်တာပါ ရန်ကုန် မြောက်ဒဂုံ ရုံး မှာပဲ ချုပ်ရမယ်ဆိုတော့အချိန်ကုန်သက်သာသွားတယ် အဆင်ပြေသွားတာပေါ့""လို့ ထိုင်းနိုင်ငံကိုလုပ်သားစေလွှတ်နေတဲ့ ပြည်ပအကျိုးဆောင်လိုင်စင်ရအေဂျင်စီတစ်ခုမှတာဝန်ရှိသူတစ်ဦးထံကသိရပါတယ်။

အဆိုပါ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူ စာချုပ် ကို ၂၀၂၃ ခုနှစ်သြဂုတ်လ ၃၁ရက် အထိ သာ တိုင်းနဲ့ ပြည်နယ်အလိုက် ချုပ်ဆိုခွင့် ပြုထားပြီး၂၀၂၃ခုနှစ် စက်တင်ဘာ၁ရက် က စပြီး ဦးစီးဌာန ကို တင်ပြထားတဲ့ အလုပ်ခေါ်စာတွေ ကို ရန်ကုန်မြို့ရှိ မြောက်ဒဂုံ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုတည်းတွင် ချုပ်ဆိုခွင့်ပြုတော့မည်ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများထံအကြောင်းကြားစာပေးပို့ထားတာကို သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အလုပ်လုပ်ခွင့်ခွင့်ပြုချက် Work Permit သက်တမ်းကုန်သူများ ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား သက်တမ်းတိုးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနသတိပေး
Sep 09, 2025
Cover
ကန်ချနဘူရီတွင် အထောက်အထားမဲ့ဝင်ရောက်သည့် မြန်မာ ၇၅ဦး အဖမ်းခံရ၊စက်တင်ဘာ ပထမပတ်အတွင်း နယ်စပ်ဖြတ်ကျော်ရင်း ဖမ်းဆီးခံရသူ ၁၀၀၀ ကျော်ရှိလာ
Sep 08, 2025
Cover
နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ စလစ်ရပြီး စာအုပ်မထွက်သူများနေ
Sep 08, 2025
Cover
ဆေးကုသမှုမခံယူပါက အသက်အန္တရာယ်ရှိနေလို့ အကူအညီတောင်းခံ
Sep 07, 2025
Cover
မလေးရှား ရှိ KTV ဖျော်ဖြေစင်တာတွင် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီး ၂၀ ကျော်အဖမ်းခံရ
Sep 07, 2025
Cover
အလုပ်သွင်းပေးမည်ဆိုကာ မြန်မာလုပ်သား ၆၀ နီးပါးထံမှ အလုပ်စမတ်ခများ လိမ်ယူသွား
Sep 07, 2025
Cover
အထောက်အထားမစုံ"ဟုဆိုကာ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၈ ဦး ကျန့်ခေါက်ကြေးနှင့်နစ်နာကြေးများပြန်ရ
Sep 06, 2025
Cover
ထိုင်း Home Rich Full စက်ရုံတွင် အလုပ်သမားများ ကျန်းမာရေးနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေရ
Sep 06, 2025