NEWS

ထိုင်း Home Rich Full စက်ရုံတွင် အလုပ်သမားများ ကျန်းမာရေးနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်နေရ

CoverLogo
722 Views
 
Home Rich Full Technology (Thailand) Co.,Ltd. စက်ရုံ လုပ်ငန်းခွင်အတွင်း အရေပြားယားယံတာ၊ အကာကွယ်ပစ္စည်း ထုတ်မပေးတာနဲ့ ခွင့်ရက်ရယူဖို့ အခက်အခဲရှိတာတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက တစ်ခါသုံး ပလတ်စတစ်ပစ္စည်း ဇွန်း၊ ခရင်း၊ ကော်ဖီခွက်နဲ့ အိတ်တွေ ထုတ်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။
 
စက်ရုံထုတ်လုပ်မှုလုပ်ငန်းစဥ်အရ ပလတ်စတစ်တွေ အရည်ကြို မှိုပုံစံသွင်း ထုတ်လုပ်တာဖြစ်လို့ အရည်ကြိုအိတ်ခွံတွေက အမှုန်တွေက အလုပ်သမားတွေရဲ့ အရေပြားကို ထိခိုက်ပြီး ယားယံမှု ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲ့လို ယားယံမှုတွေကြောင့် အရေပြားရောဂါတွေ ဖြစ်ပေါ်ပြီး ဓာတ်မတည့်တဲ့ အလုပ်သမားတွေအတွက် ခက်ခက်ခဲခဲ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။
 
“စက်ရုံက တစ်ပတ် ခေါင်းစွပ် သုံးခု ပဲ ထုတ်ပေးတယ်။ နှစ်ရက် တစ်ခု သုံးရတယ်။ အဲ့လို မလောက်မင ပေးတော့ အပူဒဏ်ကြောင့် ချွေးတွေနဲ့ ဦးရေပြားတွေ ယားတယ်၊ အဖုအပိမ့်တွေ ထွက်လာတယ်။ စက်ရုံ ဆေးခန်းမှာ ပြတော့ ဆေးလိမ်း ဆေး မပေဘူး ၊ သောက်ဆေး Citrine ပဲ ပေးတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် လုပ်ငန်းခွင်မှာ အပူချိန်မြင့်မားစွာ ထွက်ရှိနေပေမဲ့ စက်ရုံ အလုပ်သမားတွေမှာ အပူဒဏ်ခံ လက်အိတ်တွေ ထုတ်ပေးတာ မရှိဘူးလို့လည်း သိရပါတဘ်။ အပူဒဏ်မခံနိုင်သော အလုပ်သမားတွေနဲ့ စက်ပြင်ဆရာတွေမှာ ကိုယ်ပိုင်ငွေနဲ့ပဲ လက်အိတ် ဝယ်ယူသုံးစွဲနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လက်အိပ်အတွက် စက်ရုံကို မေးလိုက်တိုင်း "တရုတ်ပြည်က မှာထားတယ်၊ မရောက်သေးဘူး" လို့ပဲ ပြောတယ်” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိနေပေမဲ့ စက်ရုံဘက်က ခွင်နဲ့ ဆေးခွင့်တွေနဲ့ ပတ်သက်ပြီး တင်းကျင်မှုတွေ ပြုလုပ်လာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အရင်က ကျန်းမာရေး အခြေအနေ ကြောင့် အလုပ်နားလိုပါက Messenger Group မှာ အလုပ်သမားနံပါတ်၊ အမည်နှင့် အကြောင်းပြချက်တို့ကို ဖော်ပြ ခွင့်တိုင်နိုင်ခဲ့ ပေမဲ့ ပြီးခဲ့ ဩဂုတ်လမှာ တင်းကျပ်မှုတွေ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။
 
“အခု ဘာအတွက်ပဲ ဖြစ်ခွင့်တိုင်ရင် စက်ရုံကို ကိုယ်တိုင်လာ၊ HR ဌာနမှာ ခွင့်စာရွက်ယူပြီး ခွင့်တိုင်ရမယ်။ နေမကောင်းဖြစ်နေသည့်တိုင်အောင် အဲ့လို လုပ်ရမယ်။ ခွင့်ယူမယ်ဆိုလည်း သုံးရက် ကြိုပြော ဆိုပြီး တင်းကျပ်ထားတယ်။” လို့ ပြောပါတယ်။
 
ကျန်းမာရေးကြောင့် ခွင့်ယူတဲ့ မြန်မာအလုပ်သမားတွေကို ဆေးခွင့် (Medical Leave) မပေးတော့ဘဲ ခွင့်စာနဲ့ တိုင်မှ ခွင့်သတ်မှတ်ပြီး အဲ့လို ခွင့်မတိုင်ပါက ခွင့်မဲ့ သတ်မှတ်မှာလို့လည်း စက်ရုံဘက်က ပြောထားပါတယ်။ ခွင့်မဲ့ တကြိမ်ကို လုပ်ခ သုံးဆအထိ ဖြတ်တောက်မှာဖြစ်ပြီး သုံးကြိမ် ခွင့်မဲ့ ဖြစ်ပါက အလုပ်ထုတ်မယ်လို့လည်း စက်ရုံဘက်က ပြောထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အဲလိုတွေ သတ်မှတ်ထားလဲ ခွင့်လာတိုင်တဲ့ အလုပ်သမားတွေကို ပြန်မလွှတ်တော့ဘူး အလုပ်ပဲ လုပ်ခိုင်းတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Home Rich Full Technology (Thailand) Co.,Ltd. စက်ရုံက ထိုင်းနိုင်ငံ၊ ရယောင်းပြည်နယ်၊ ဘန့်ခိုင်ခရိုင်၊ နွန်ဘူအာမြို့နယ်မှာ ရှိပြီး အလုပ်သမား ၂၀၀၀ ကျော်မှာ မြန်မာ အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026